အပိုင်း(၃၇)

4.9K 287 15
                                    

"အား..."

ဆိုးရွားလှတဲ့အိပ်မက်‌ကြောင့်အိပ်ရာမှလန့်နိုးလာသည်။အချိန်က နေ့လည် ပဲရှိသေးသည်။ပျင်းပျင်းနဲ့ အိပ်လိုက်မိတာ တစ်ခါမှမမက်ဖူးခဲ့တဲ့အိပ်မက်‌တွေပါမက်နေခဲ့တာ။

အိပ်မက်ထဲမှာ သခင်ကကိုယ့်ကိုထားသွားတယ်ဆိုပြီးမက်ခဲ့ခြင်း‌ကြောင့် အိပ်မက်ထဲမှကြောက်ရွံ့မှုကအပြင်ဘက်အထိပါ ပါလာခဲ့ပြီး လူတစ်ကိုယ်လုံးချွေးများထွက်ကာမောပန်းလျက်ရှိသည်။
အပြင်မှာသာတကယ်ဖြစ်ခဲ့ရင်တော့ ခံနိုင်ရည်မရှိတာသေချာပါသည်။တော်သေးတာက အိပ်မက်သက်သက်ပဲဖြစ်နေခြင်းကြောင့်သာ။

စားပွဲပေါ်ကဖုန်းကိုအမြန်ယူကာသခင့်ဆီကိုဖုန်းခေါ်လိုက်သည်။ဒီအချိန်မှာ သခင့်ကိုလိုအပ်ပါသည်။သခင့်ဆီကနှစ်သိမ့်မဲ့စကားလေးတွေကိုလိုချင်ပါသည်။

"သခင်"

"အလင်းလေး.."

"သခင် ..အားရဲ့လားဟင်"

"အားတယ်ကလေး မမကိုပြောစရာရှိလို့လား"

"သခင်..ကျွန်မလေ အိပ်မက်ဆိုးမက်တယ်..."

"ကလေး ငိုနေတာလား...မငိုရဘူးလေ..ဘယ်လိုအိပ်မက်လည်း မမကိုပြောပြနော်"

သခင့်အသံမှာစိုးရိမ်တဲ့အငွေ့အသက်တွေပါနေတာ ဖုန်းထဲကနေတောင်အလိုလိုခံစားမိသည်။ကိုယ်မက်တာ အိပ်မက်သက်သက်ပါ။တကယ်ဆို သခင်က ကိုယ့်ကိုသိပ်ချစ်တာလည်းသိသည်။ဒါပေမဲ့လည်း စိတ်ပူပန်မှုလေးတော့ရှိသေးသည်။

"သခင်က ကျွန်မကိုထားခဲ့တယ်ဆိုပြီးမက်တာသခင်..ကျွန်မသိပ်ကြောက်တာပဲ"

"ဘာမှမဟုတ်တာကိုကလေးရယ်..မမက အလင်းကိုထားခဲ့စရာလား"

"သိပါတယ်သခင်ရဲ့..ဒါပေမဲ့ ကျွန်မဝမ်းနည်းလို့ကို"

"ဘာမှမဖြစ်ဘူးနော် အလင်း စိတ်ကိုအေးအေးထား..မမအခုချက်ချင်းပြန်လာခဲ့မယ်"

သခင့်ဘက်မှချက်ချင်းဖုန်းချသွားခဲ့ပြီ။ပြန်ဆက်ပေမဲ့မကိုင်ပါ။ပြန်မလာဖို့ပြောဖို့ဆက်ပေမဲ့ သခင်မှဖုန်းမကိုင်တော့ဘာမှလုပ်လို့မရ။တကယ်တော့ ကိုယ်မှားသွားတာပါ။သခင့်ကိုမပြောဘဲထားလည်းရတာကို သက်သက်မဲ့ သခင့်ကိုစိတ်ပူအောင်လုပ်မိတာ။

သခင် (Completed)Where stories live. Discover now