အပိုင်း(၇)

4.1K 227 6
                                    

Unicode

"လွန်း မောင်ဒီမှာ"

ခပ်လှမ်းလှမ်းကနေလက်ခါပြကာ ခေါ်နေသောမောင့်ကြောင့်မောင်ရှိတဲ့ဆီသို့ခပ်သွက်သွက်လေးလှမ်းလိုက်မိသည်။
မောင့်ဟန်ကလေးဟာပြုံးပျော်နေသ‌ယောင်ဟုထင်ရသည်။မောင်ဟာဒီနေ့မှလေ အရင်နေ့တွေထက် ရွှင်ပြနေသယောင်။မောင့်ရဲ့အခုလိုမျက်နှာလည်းညှိုးငယ်သွားမှာမလိုချင်ပါ။ဒါပေမဲ့မကြာတော့တဲ့အခြေအနေမှာ မောင်ဟာသေချာပေါက်မပြုံးမရွှင်ဖြစ်ရတော့မည်။ဒါတွေအားလုံးဟာဟိုသားအဖကြောင့်သာ။အထူးသဖြင့် အဲ့ဒီမိန်းကလေးကြောင့်သာ။ပြီးတော့ကိုယ့်ကြောင့်။

"လွန်းအတွက်မောင်ကော်ဖီမှာထားတယ်နော်လွန်း"

မောင့်စကားကိုလျစ်လျူရှူလိုက်ရင်း သခင်ပြောချင်တဲ့အကြောင်းအရာကိုသာဦးတည်လိုက်သည်။

"ကျွန်မမောင့်ကိုပြောစရာရှိလို့ ချိန်းလိုက်တာပါ"

"ပြောလေ လွန်းရဲ့"

လာချသောကော်ဖီတစ်ခွက်ကိုသာ ငေးကြည့်ရင်း မောင့်မျက်နှာကိုတော့လျစ်လျူရှူထားရပြန်သည်။အခုအချိန်မှာ မောင့်မျက်နှာကို မကြည့်ရက်ပါ။ဒါပေမဲ့ အဖြစ်မနေရင်ဆိုင်ဖြစ်မဲ့အခြေအနေတွေပဲမဟုတ်လား။

"ကျွန်မတို့လမ်းခွဲမှဖြစ်မယ်မောင်"

"မောင့်ကိုမနောက်ပါနဲ့လွန်း..မောင့်ကိုဒီလိုစတာ‌မောင်စိတ်ဆိုးတယ်"

မောင့်မျက်ဝန်းမှာအံ့ဩမှုကလေးတစ်စွန်းတစ်စတော့ဖြတ်ပေးသွားတာကိုသတိထားမိလိုက်သည်။ ထပ်ပြောမဲ့စကားတွေကိုသာမောင်ကြားရင် မောင်ရဲ့ဖြစ်သွားနဲ့အမူအရာကို တွေးမကြည့်ဝံ့ပါ။မောင်က
သခင့်ကိုသိပ်ချစ်တာသိသည်။မောင့်အနေနဲ့ သိပ်ကို အံ့ဩထိန့်လန့်ရမည်မဟုတ်လား။

"မောင့်ကိုစနေတာမဟုတ်ဘူးမောင်..တကယ်ပြောနေတာ...ကျွန်မ ဒီတစ်ပတ်ထဲလက်ထပ်ရတော့မယ်"

"လွန်း...မောင့်ကိုဘယ်လိုတွေပြောနေတာလဲကွာ"

သခင်တို့ထိုင်တဲ့ဆိုင်ကလေးဟာတိတ်တိတ်ဆိတ်ဆိတ်လည်းရှိလှသည်။
စားပွဲ‌ဝိုင်းလေးတွေဟာသုံးခုလောက်သာရှိ
သည့်အပြင် တစ်ဝိုင်းနဲ့တစ်ဝိုင်းဟာ အနည်းငယ်ဝေးကွာသဖြင့် သခင်တို့ပြောစကားတွေကိုတော်ရုံဖြင့်မကြားနိုင်ပါ။လမ်းဘေးဆိုင်လေးဖြစ်သဖြင့် အမိုးအကာကလည်း သစ်ပင်ကလေးဆိုတော့လေအေးအေးလေးတွေတိုက်ခတ်နေသည်။ဒီလိုအချိန်အခါလေးဟာ ချစ်သူနှစ်ဦးချစ်စကားကြိုက်စကားလေးတွေသာဖွဲ့နွဲ့သင့်သည်မဟုတ်လား ။အခုများတော့.....

သခင် (Completed)Where stories live. Discover now