အပိုင်း(၂၉)

5.2K 332 14
                                    

အခုသူအရေးပေါ်အခန်းထဲရောက်နေခဲ့ပြီ။အက်စီးဒင့်ဖြစ်ပြီးဆေးရုံပေါ်ရောက်ပြီးပြီးချင်း သူ့အဖေရယ် သခင့်ဖေဖေရယ်လိုက်လာကြသည်။

ဦးလေးကတော့ သူ့သမီးအတွက်ယူကြုံးမရဖြစ်နေရှာသည်။သခင်လည်း ဦးလေးနည်းတူပါပဲ။သခင့်ကြောင့်အခုလိုဖြစ်ခဲ့ရတာမဟုတ်လား။တကယ်ဆို ကားတိုက်ခံရတဲ့သူဟာ သခင်ပဲဖြစ်ခဲ့သင့်တာ။အခုတော့ အရေးပေါ်အခန်းထဲမှာအသက်လုနေရတဲ့သူက သူဖြစ်နေသည်။ အရေးပေါ်အခန်းမှ ဆရာဝန်တွေသူနာပြုတွေတစ်ယောက်ပြီးတစ်ယောက်‌ေရးကြီးသုတ်ပျာဝင်ထွက်နေကြတာမြင်လေ ပိုပြီးစိုးရိမ်စိတ်ကြီးမားလေဖြစ်ကာ
သခင့်မှာ ရသမျှဘုရားစာတွေအကုန်နှုတ်ကနေတဖွဖွရွက်ကာ အသက်အန္တရယ်ကင်းဖို့သာဆုတောင်းနေရသည်။

'အသက်လေးပဲ ရှင်ပေးပါအလင်းရယ်..မမမင်းကိုအစွမ်းကုန်ချစ်ပေးမှာပါ...အရင်တုန်းက‌ေပးခဲ့တဲ့နာကျင်မှုတွေအစားရော မမကကြင်နာပေးမှာမို့ ကလေးကပဲ အသက်ရှင်ပေးနော်'

"လူနာရှင်တွေနဲ့စကားပြောချင်လို့ပါ"

အခန်းထဲမှထွက်လာတဲ့ဆရာဝန်၏စကားကြောင့် သခင်မျက်ရည်ကြားမှမော့ကြည့်လိုက်သည်။

ဦးလေးကဆရာဝန့်ဆီထသွားတော့ သခင်လည်း သွားလိုက်၏။ဆရာဝန့်ဆီကထွက်လာမဲ့စကားများကိုလည်း ရင်ထိတ်နေမိသည်။ထိုကလေးအခြေအနေဟာ ဘယ်အထိဆိုးဝါးနေကြောင်းသခင့်မျက်စိနဲ့မြင်ခဲ့ရတာလေ။သူတစ်ခုခုဖြစ်သွားမှာ သိပ်ကိုကြောက်မိပါသည်။

"ကျွန်တော့်သမီးလေး ဘေးကင်းရဲ့လားဗျာ"

ဦးလေးဟာငိုသံပါနေသည်။သခင်လည်းပါးပြင်ပေါ်ကမျက်ရည်များပင်မခြောက်သေးပါ။

"လူနာကစောင့်ကြည့်ရမဲ့အခြေမှာပါ..အများကြီးမျှော်လင့်ထားလို့တော့မရဘူး...ခေါင်းကတော်တော်ထိသွားတာပါ ..တကယ်လို့ပြန်ကောင်းခဲ့မယ်ဆိုရင်တောင်..အတိတ်‌ေမ့တာမျိုးပဲဖြစ်ဖြစ်...ဒါမှမဟုတ် သွပ်ချောင်ချောင်ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်"

"ဪ.. ပြန်မကောင်းနိုင်တော့ဘူးလားဒေါက်တာ"

"ဒါလည်းသေချာတော့ပြောလို့မရဘူးဗျ...တစ်ချို့လူနာတွေက လနဲ့ချီ နှစ်နဲ့ချီပြီးမေ့တတ်ကြတယ်..တစ်ချို့ကကျ တစ်သက်လုံးအတိတ်မေ့သွားတာရှိတယ်..တစ်ယောက်နဲ့တစ်ယောက်တော့မတူကြဘူး"

သခင် (Completed)Where stories live. Discover now