အပိုင်း(၂၄)

4.9K 326 12
                                    

သခင်မရှိတော့တဲ့ဒီအိမ်လေးဟာ ခြောက်ကပ်ကပ်နိုင်လွန်း၏။သခင်မရှိတော့ပေမဲ့ သခင့်ပုံရိပ်လေးတွေကိုမြင်ကွင်းထဲအမြဲမြင်ယောင်နေမိသည်။

ညနေမှောင်ရီပျိုးရင်ဝရန်တာမှာထွက်ထိုင်နေကျသခင့်ပုံလေးတွေရယ်၊မီးဖိုချောင်မှာချက်ပြုတ်နေကျသခင့်ပုံရိပ်လေးတွေရယ်၊တစ်ခါတစ်ခါ ပန်းခြံထဲမှာရှိနေတတ်တဲ့သခင့်ပုံ‌ေလးတွေကိုလွမ်းမိပါရဲ့။ခက်တော့ခက်သားပါပဲ။နှလုံးသားခံစားချက်အရကိုယ့်ဘက်ကသာ‌ေမတ္တာသက်ဝင်ခဲ့‌ေပမဲ့တစ်ဘက်ကပြန်ရတဲ့ဆန့်ကျင်ဘက်အမုန်း‌ေတွနဲ့ ဘာမှမသက်ဆိုင်ခဲ့တဲ့လူနှစ်ယောက်ကြားလွမ်းတယ်ဆိုတဲ့အသံုးအနှုန်းမျိုးသုံးခွင့်ရှိပါ့မလားသခင်။သတိရတယ်ဆိုပြီးပဲဖြစ်သင့်တယ်မဟုတ်လား။ဒါပေမဲ့သခင်ရယ် ကိုယ်ကသခင့်ကိုသတိရတယ်ဆိုတာထက်ပိုမိနေတော့ခက်ရဲ့။

ဧည့်ခန်းမှာထိုင်နေရင်းကိုယ့်ကိုမြင်လိုက်ရင်မျက်နှာလွှဲသွားတဲ့သခင့်ပုံစံတွေ၊အငြိုးတွေနဲ့ကြည့်တဲ့သခင့်အကြည့်တွေ၊ဂရုမစိုက်ဟန်ပြုမူတဲ့သခင့်ပုံစံတွေကိုသတိရတယ်သခင်ရယ်။ခဏလေးဖြစ်ဖြစ်ပြန်လာ‌ပေးရင်သိပ်ကောင်းမှာပဲနော်။
****

"ဟဲလို ဖေဖေ"

"သမီးလေး နေရတာအဆင်ပြေရဲ့လား"

"ပြေပါတယ်ဖေဖေ...သမီးဒီမှာနေရတာပျော်ပါတယ်"

"သမီးလေးလိုအပ်တာရှိရင်ပြောနော်"

"ဖေဖေ..သခင်ကအိမ်ကိုပြန်မလာသေးဘူးလား"

ဖေဖေကခဏတိတ်ဆိတ်သွား၏။ပြီးမှပြန်ဖြေသည်။

"မလာသေးဘူးသမီး"

"အင်းပါ...ဦးလေးကိုလည်းပြောလိုက်ပါဦးဖေဖေ..သခင့်ကိုမဆူဖို့ကို"

"ဖေဖေပြောပြီးသားပါ"

"ဟုတ်ဖေဖေ"

"အေးအေးသမီး.. ဒါပဲနော်..ဖေဖေဖုန်းချတော့မယ်"

သခင်ဟာကိုယ့်ဆီကထွက်သွားတဲ့နေ့ကတည်းကသူ့အိမ်ကိုလည်းမပြန်ခဲ့ပါ။ဖေဖေကိုမေးကြည့်တော့မှ သခင်ကသူ့သူငယ်ချင်းအိမ်ခဏသွားနေတာလို့ပြောသည်။‌သူ့အိမ်မှာပြန်‌ေနရင် ဖေဖေ့အိမ်သွားတုန်းနဲ့သခင့်ကို‌ေတွ့နိုင်‌ေသးသည်။သခင်ဟာ
ဒီလိုအခှငျ့အ‌ရေး‌လေး‌တောငျမ‌ပေးခဲ့ပါ။ ဒါတွေသိလို့ တမင်အိမ်မပြန်ခဲ့တာပါ။သခင်ဟာ ကိုယ်နဲ့အဝေးကြီးထိကိုထွက်သွားချင်ခဲ့တာပါ။
စိတ်ချပါသခင်ရယ်။ဒီတစ်ခါ သခင့်နောက်ကိုပြေးမလိုက်တော့ပါဘူး။သခင်လည်းပင်ပန်းနေရောပေါ့။

သခင် (Completed)Where stories live. Discover now