အပိုင်း(၁၄)

4.4K 283 7
                                    

Unicode

သည်းထန်စွာရွာသွန်းနေတဲ့ မိုးစက်များကို ပြတင်းပေါက်မှတစ်ဆင့်ငေးကြည့်နေမိသည်။တဖျပ်ဖျပ် လက်သွားသောလျှပ်စီးများနှင့်ကျယ်လောင်သောမိုးချုန်းသံများကလည်း ထိတ်လန့်စဖွယ်ကောင်းလှသည်။

သခင့်စိတ်ထဲတွေးနေမိ၏။သူအခုအချိန်ဆို အရင်တစ်ခေါက်တုန်းကလို ခုတင်အောက်ကလေးကိုပဲဝင်နေမလား။ဒါမှမဟုတ် အခန်းထောင့်လေးမှာပဲရှိနေမလား။‌သေချာတာကတော့ သူကြောက်ရွံ့နေလိမ့်မည်။

ဟိုတစ်ခါလိုအခန်းတံခါးကိုလည်း သူလာမခေါက်တော့။သူ့စိတ်ထဲမှတ်သွားလို့များလားမသိ‌ေတာ့ပါ။သို့သော် သခင့်စိတ်တွေအလိုမကျချင်ဖြစ်မိ၏။အရင်လိုတံခါးလာခေါက်မဲ့ကောင်မလေးကိုမျှော်လင့်နေမိသည်။သို့သော် မိုးရွာနေသည်မှာ၁နာရီကျော်သွားပြီမဟုတ်လား။သူကိုလည်းဒီ‌နေ့ရိုက်လိုက်မိသေးတယ်မဟုတ်လား။
သူလာခေါက်တော့မည်မဟုတ်။
သေချာတာကတော့ သခင်သူ့ကိုစိတ်ပူ‌နေ
မိသည်။ပင်ကိုယ်စိတ်ကတစ်ခုခုဆို လူတိုင်းအပေါ်ကိုသနားတတ်လို့ပဲဖြစ်မည်။သူမဟုတ်ဘဲအခြားကလေးတစ်ယောက်ဆိုရင်လည်းသခင်စိတ်ပူမိမှာပဲမဟုတ်လား။သေချာသည်။

မနေနိုင်စွာသူ့အခန်းတံခါးရှေ့ထိသွားရပ်လိုက်မိသည်။ပြီးနောက် တံခါးကိုခေါက်လိုက်သည်။

သို့သော် တုံ့ပြန်သံထွက်မလာပါ။ပိုပြီးစိတ်လှုပ်ရှားသွားကာ အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့အလွယ်တကူပွင့်သွား၏။သို့သော် အခန်းထဲသို့ လှမ်းနေသောခြေထောက်တစ်ဖက်မှာတစ်စုံတစ်ရာကြောင့်ရပ်တန့်သွားရ၏။

ဧည့်သည်မိန်းကလေး၏ ရင်ခွင်ထဲတွင်အိပ်ပျော်နေသော သူ။ဘာကြောင့်မှန်းမသိ ရင်ထဲမကောင်းဖြစ်သွားသည်။

မနှစ်တုန်းကမောင့်ကိုသူ့သူငယ်ချင်းကောင်မလေးနဲ့အတူတွေ့လိုက်ရတုန်းကလို အလိုမကျတဲ့ခံစားချက်မျိုးနှင့်အလားတူနေသည်။ဟင့်အင် မဟုတ်ဘူး။အဲ့ဒီဟာထက် ကိုပိုနေခဲ့တာပါ။

"အချစ်လား..ဟင့်အင် မဖြစ်နိုင်ပါဘူး"

ဘယ်တုန်းကမှမတွေးကြည့်ဖူးတဲ့အရာကိုပင်တွေးမိသွား၏။ပြီးတော့  ဒီအတွေးကိုလည်းလက်မခံနိုင်ဘူး။
မနက်ကတောင် သခင့်ကို ချစ်တယ်လို့ပြောခဲ့လို့ သူ့ပါးကိုတောင်ရိုက်ခဲ့သေးတာပဲမဟုတ်လား။အဲ့ဒီအချိန်တုန်းက ရှက်ရွံ့စိတ်ဝင်သွားသည်။မောင်ကချစ်တယ်ပြောတုန်းကတောင် အခုလိုမျိုးထိမရှက်ရွံ့မိခဲ့ပါ။ပြီးတော့မိန်းကလေးတစ်ယောက်စီကအခုလိုအပြောခံရလိမ့်မယ်လို့မျှော်လင့်မထားမိတာကြောင့်လည်းဖြစ်မည်။

သခင် (Completed)Where stories live. Discover now