အပိုင်း(၁၃)

4.5K 285 9
                                    

Unicode

သခင်ကလူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုလို့ ဘယ်သူများလဲဆိုပြီးရင်ခုန်နေမိသည်။ ရင်ခုန်မိတာအဆန်းတော့မဟုတ်ပါ။ သခင်ကအခုလိုမျိုးတစ်စုံတစ်ယောက်နဲ့မိတ်ဆက်ပေးတာမျိုးဟာ ဒါပထမဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။

"သခင် လင်းကိုဘယ်သူနဲ့မိတ်ဆက်ပေးမှာလဲဟင်...ဘာလုပ်ဖို့လဲဟင်"

သခင်ကအဓိပ္ပာယ်ပါဟန်အကြည့်မျိုးဖြင့်တစ်ချက်ကြည့်၏။

"‌ပြီးကျရင် သိမှာပဲဟာ"

သခင်ကထပ်ပြီး အဓိပ္ပာယ်ပါပါပြုံး
ပြန်သည်။သခင့်ရဲ့အပြုံးတွေကိုနှစ်သက်မိပါ၏။ကြည့်ချင်မိပါ၏။သို့သော် အခုလိုမျိုး မနှစ်မြို့ဖွယ်အပြုံးမျိုးတော့မဟုတ်ခဲ့ပါ။

"ပြီးပြီမလား သွားရအောင်"

"ဟုတ်ကဲ့"

သခင့်ကိုကားတစ်စီးဝယ်ပေးချင်မိသည်။သို့သော် မာနကြီးလွန်းတဲ့သခင်ကယူမယ်မဟုတ်ပါ။

ငယ်ငယ်တုန်းက သခင့်ကို ခေါင်းစည်းကွင်းအပြာလေး လက်‌ဆောင်ပေးခဲ့ဖူးသည်။ဘာမှတန်ဖိုးမကြီးတဲ့ လက်ဆောင်ကလေးကိုပင်သခင်ကခါးခါးသီးသီးငြင်းဆန်ခဲ့သည်။အဲ့ဒီနောက်ပိုင်းကတည်းကသခင့်ကို ဘာမှမပေးရဲတော့ပါ။

သခင်ဆေးကျောင်းတက်တာလည်းဖေဖေ့ရဲ့ထောက်ပံ့မှုတွေဆိုပေမဲ့ သခင်ကလွယ်လွယ်လက်မခံခဲ့ပါ။သခင့်ဖေဖေကို အတင်းပြောခိုင်းပြီးမှသာ သခင်ကလက်ခံခဲ့သည်။

သခင်က ငယ်ငယ်ကတည်းက ကြီးလာရင်ဆရာဝန်တစ်ယောက်ဖြစ်ချင်ကြောင်း သခင့်ဖေဖေကိုအမြဲပြောတတ်သည်။သို့သော် တကယ်တမ်း ဆေးကျောင်းတက်ဖို့အမှတ်မီပြန်တော့ ငွေကြေးကိုငဲ့ကာ သခင်ဟာလက်လျှော့ခဲ့သည်။

သခင်က ဆရာဝန်တစ်‌ယောက်ဖြစ်ချင်ခဲ့တာဆိုရင် အဲ့ဒီဆရာဝန်မလေးကိုငေးကြည့်ချင်ခဲ့တာ ကိုယ်ဖြစ်နေခဲ့သည်။ သခင့်ကိုဆရာဝန်တစ်ယောက်အနေနဲ့ မြင်ချင်ခဲ့သည်။ အဲ့ဒီအတွက် သခင့်ကိုထောက်ပံ့ပေးဖို့ကိုယ်တိုင်ဖေဖေ့ကိုပြောခဲ့မိသည်။

"သခင် လင်းကားမောင်းသင်မလို့"

ကားမောင်းတတ်သွားရင် သခင်သွားချင်တဲ့နေရာတွေကိုလိုက်ပို့ချင်သည်။

သခင် (Completed)Where stories live. Discover now