အပိုင်း(၃၄)

4.9K 323 13
                                    

"အလင်း"

"ရှင်"

"မမအခန်းမှာ အိပ်တာကြာပြီလား"

"အင်း..သခင်ထွက်သွားကတည်းကဆိုပါတော့"

"မမတောင်းပန်ပါတယ်နော် ..အလင်းကိုတစ်ယောက်တည်းထားခဲ့မိလို့"

"ကျွန်မသခင့်ကို အပြစ်မမြင်ခဲ့တာမို့..တောင်းပန်စရာမလိုပါဘူးသခင်ရယ်"

သခင့်ပခုံးပေါ်မှီကာ သခင့်လက်ချောင်းများကို တစ်ခုချင်းသေချာကြည့်နေလိုက်သေးသည်။

"သခင့်လက်ကလေးတွေကသွယ်ပြီးလှလိုက်တာ..ကျွန်မလက်တွေကကျသခင့်လိုမလှဘူး"

"အပေါ်ယံအလှတွေပါကလေးရယ်...ဘာမှလုပ်မရပါဘူး"

"အပေါ်ယံအလှဆိုလည်း ကျွန်မကြိုက်တယ်လေသခင်ရဲ့...သခင့်အလှတွေကိုအကုန်ကြိုက်တယ်...သခင့်ကိုလည်းကြိုက်တယ်..သိရဲ့လား"

ထပ်ပြီးသခင့်ခြေချောင်းတွေကိုကိုင်ကြည့်နေပြန်သည်။တကုပ်ကုပ်နဲ့ ဘာ‌ေတွလုပ်မှန်းမသိပါ။အရင်တုန်းက တည်တည်ငြိမ်ငြိမ်ရှိလှတဲ့ကလေးလေးမဟုတ်တော့။တ‌ဖြေးဖြေးနဲ့
ကလေးပေါက်စတွေနဲ့တောင်တူလာသည်။

"သခင့်ခြေထောက်တွေကို ခြေသည်း‌ဆေး
ဆိုးပေးချင်လို့"

သခင်ဒီကလေးနေမကောင်းဖြစ်ပြီးကတည်းကအလှအပတောင်ဂရုမစိုက်မိတော့တာပါ။ အခုလည်း ခြေသည်းလေးတွေတောင်အနည်းငယ်ရှည်နေသည်။ခြေသည်းနီဆိုရင်‌ေတာ့အချိန်ပေးပြီးမဆိုးဖြစ်တော့တာကြာခဲ့ပြီ။

"အင်း...သဘောပဲလေ"

"သခင် ဘာရောင်လေးကြိုက်လဲ"

"ဘာရောင်တွေရှိလို့လဲ အလင်းရဲ့"

"ရောင်စုံရှိတယ်လေ"

"မမ လက်သည်းဆေးဆိုအပြာရောင်ကြိုက်တယ်"

"ရှိ ရှိ"

ခြင်းအသေးလေးနဲ့ လက်သည်းဆေးနီမျိုးစုံထုတ်လာသည်။ဒီကလေးလေးက အလှအပလည်းမက်တာပါပဲလား။

"သခင် ဒီအရောင်လေးကြိုက်လား"

"အင်း မဆိုးဘူး..လှမှာပါ"

"သခင့်ခြေသည်း‌ေတွအရင်ညှပ်ပေးမယ်"

"ရတယ်ကလေး မမဘာသာလုပ်လိုက်မယ်"

သခင် (Completed)Where stories live. Discover now