အပိုင်း(၂၃)

4.8K 322 16
                                    

မနေ့ကဖုန်းဆက်ပြီးမောင်ကအရေးကြီးပြောစရာရှိလို့ဆိုပြီးချိန်းခဲ့သည်။အစကတော့မတွေ့ချင်လို့ငြင်းခဲ့ပါသေးသည်။ဒါပေမဲ့မောင်က မဖြစ်မနေပြောစရာဖြစ်နေလို့ဆိုပြီး ပြောလို့ သူချိန်းတဲ့ဒီနေရာကို ရောက်နေခဲ့ပြီ။

"ပြောစရာရှိတယ်ဆို"

ရောက်ကတည်းကဘာမှဟုတ်တိပတ်တိမပြောသေးဘဲ မျက်နှာကိုသာလိုက်ကြည့်နေသဖြင့်နေရခက်လာသည်။ဒီနေရာကလည်းအတွဲတွေသာအများဆုံးလာတဲ့နေရာမို့ ပိုပြီးမျက်နှာပူရသည်။ကိုယ့်စိတ်ထဲသူဟာကိုယ်နဲ့ဘာမှမပတ်သက်တော့တဲ့လူတစ်ယောက်လို့သတ်မှတ်ထားသဖြင့်ဒီလိုမျိုးနှစ်ယောက်တည်းလည်းရှိမနေချင်ပါ။

"အင်းလေ လွန်းရဲ့"

"ဘာပြောမလို့လဲ ကျွန်မမျက်နှာကိုလိုက်ကြည့်နေပြီး"

"လွန်းကအရင်ကထက်ပိုလှလာလို့လေ"

အရင်လိုမောင့်အပြောတွေကိုရင်မခုန်မိတော့ပါ။ဒါပဲလားဆိုတော့မဟုတ်ပြန်ပါ။မနှစ်သက်သလိုပါခံစားလာရသည်။

"ပြောစရာရှိတာပဲပြောပါမောင်"

"မနေ့က ဟိုကလေးမနဲ့ မောင်စကားပြောဖြစ်တယ်"

"ဘယ်သူ့ကိုပြောတာလဲ"

"ရောင်စဉ်ဆိုတဲ့ကောင်မလေးလေ"

စိတ်ထဲတော့လှုပ်ရှားသွားမိသည်။မောင်က သူနဲ့တွေ့ပြီးဘာတွေပြောခဲ့တာလဲ။

"မောင်ကသူနဲ့ဘာလို့စကားပြောခဲ့တာလဲ"

"မောင်ကြောက်ခဲ့လို့ပါ..လွန်းကသူ့ကိုချစ်နေပြီလားဆိုတာမောင်ကြောက်ခဲ့လို့....ဒါပေမဲ့ အခုတော့မောင်မကြောက်တော့ပါဘူး..လွန်းကသူ့ကိုမချစ်ဘူးတဲ့ လွန်းချစ်တာမောင့်ကိုတဲ့"

"ဘယ်သူကပြောတာလဲ"

"အဲ့ဒီကောင်မလေးကပြောတာလေလွန်းရဲ့...သူကပြောသေးတယ် သူနဲ့လက်မထပ်ခင်ကတည်းကလွန်းကနောင်တစ်ချိန်ကျရင်
မောင့်ကိုပဲပြန်လက်ထပ်မှာဆိုပြီးပြောခဲ့တာဆို.. မောင် အရမ်းကိုပျော်သွားတာသိလား...အစကလွန်းကမောင့်ကိုမချစ်တော့ဘူးလားဆိုပြီးသံသယဝင်ခဲ့တာ အခုတော့မောင်ထင်တာမှားနေခဲ့တာပဲ"

သခင် (Completed)Where stories live. Discover now