အပိုင်း(၂၁)

4.7K 321 10
                                    

‌အခန်းထဲမှာမနေချင်တာနဲ့ ဝရန်တာဘက်ကိုထွက်လာလိုက်သည်။ညနေဘက်ရှိသေးတာမို့ ဒီအချိန်ဆို သခင်ကဝရန်တာဘက်ကိုသိပ်မထွက်ပါ။ဒါကြောင့်မို့ သခင်နဲ့မဆုံမဲ့အချိန်ဖြစ်သည်။

သို့သော် သခင်ကဒီ‌နေ့တော့ ဝရန်တာမှာရှိနေသည်။ဆက်သွားလိုက်ရင်သခင်အနေရခက်မည်စိုးသဖြင့် နောက်ပြန်လှည့်ရန်ရည်ရွယ်လိုက်၏။သို့သော် တစ်စွန်းတစ်စကြားနေရတဲ့အသံကြောင့်ခြေလှမ်းတွေအလိုလိုရပ်တန့်သွားရသည်။

'သခင် ဘယ်သူနဲ့ ဖုန်းပြောနေပါလိမ့်..သူ့ရည်းစားနဲ့များလား'

"ဒါဆိုငါကသူ့ကို ချစ်ဟန်ဆောင်ပြီး..သူ့အသည်းကိုခွဲပြီးနာကျင်အောင်လုပ်ရမှာပေါ့ ဟုတ်လား"

ဒါဘာတွေလဲ။သခင်ကဘယ်သူ့ကိုချစ်ဟန်ဆောင်ပြီး ဘယ်သူ့အသည်းကိုခွဲချင်နေတာလဲ။လင်းကိုလား။ဒီလိုဆိုရင်တော့ ခွင့်မပြုနိုင်ဘူးသခင်ရယ်။

"ဆောင်း... အဲ့ဒီအကြံကအဆင်မပြေလောက်ဘူးနော်..ငါကသူ့ကိုအရမ်းမုန်းနေတာနော်"

တစ်ဖက်ကပြောသံကိုမကြားရပေမဲ့ သခင့်ရဲ့ သူငယ်ချင်း မဆောင်းချယ်ရီဆိုတဲ့သူဖြစ်လိမ့်မည်။သခင့်မှာလည်းသူငယ်ချင်းများများစားစားမရှိပါ။သခင်နဲ့လက်မထပ်ခင်က သခင့်ကျောင်းရှေ့ရောက်တုန်းက
အဲ့ဒီအစ်မနဲ့စကားတစ်ခါပြောဖူးသည်။

"ဒါဆို အဲ့လိုပဲလုပ်ရမှာပေါ့..အဓိကကသူ့ကိုနာကျင်စေချင်တာလေ"

ရက်စက်လိုက်တာသခင်ရယ်။ဒီလောက်ထိ ရက်စက်ရတာတောင်မကျေနပ်သေးဘူးလားသခင်ရယ်။ဘာတဲ့ ချစ်ဟန်ဆောင်ပြီးတောင် အသည်းခွဲဦးမှာတဲ့လား။ကိုယ့်ကို သခင်ကအဲ့လောက်ထိနာကျင်စေချင်ခဲ့တာလား။

ဒီတစ်ခါတော့ခွင့်မပြုနိုင်ဘူးသခင်။သခင့်အကြံအစည်ကို ပါရမီဖြည့်မပေးနိုင်ဘူး။ဒီတစ်ခါတော့ဝေးဝေးပြေးပါရစေ။သခင်ပေးတဲ့ ဒဏ်ရာတွေတောင်အနာမကျက်သေးပါဘူးသခင်ရယ်။ထက်ပြီးတော့ရက်စက်ဦးမှာတဲ့လား။

" ငါဒီနေ့ကစပြီးသူ့ကိုချစ်ဟန်ဆောင်ရမယ်ဟုတ်လား ဆောင်း"

စိတ်ရှိလက်ရှိအော်ငိုပစ်ချင်သည်။သခင့်ကိုလည်းနာကျည်းပစ်ချင်သည်။သခင့်ကိုလည်းမုန်းပစ်လိုက်ချင်သည်။

သခင် (Completed)Where stories live. Discover now