အပိုင်း(၉)

4.3K 247 4
                                    

Unicode

ဒီနေ့ဟာသခင်နဲ့အတူတူအိမ်အသစ်လေးကိုစရောက်တဲ့နေ့လေးဖြစ်၍ ရင်ခုန်စိတ်လှုပ်ရှားမိပါသည်။သခင်နဲ့အတူနှစ်ယောက်တည်းနေရမဲ့အဖြစ်ဟာ ကိုယ့်အတွက်တော့ပျော်ရမှာလား၊ ဝမ်းနည်းရမှာလားဝေခွဲမရပါ။

အခန်းထဲကိုပစ္စည်းတွေချပြီး ဧည့်ခန်းမှာနားနေသောသခင့်ကို စကား‌ပြောချင်ပေမဲ့မရဲတင်းပါ။သခင်က ကိုယ့်ကိုတစ်လမ်းလုံးစကားမှမပြောခဲ့တာ။ဒါပေမဲ့ မခေါ်လို့လည်းနေလို့ရမည်မဟုတ်။တစ်အိမ်ထဲမှာလူနှစ်ယောက်ပဲရှိတာ သခင့်ကိုမှမ‌ခေါ်ရင်ခေါ်စရာလူကမရှိ။ကိုယ်တိုင်ကလည်းသခင်နဲ့ပတ်သက်ချင်နေတာဆိုပိုမှန်လိမ့်မည်။

"သခင်"

လင်းမရဲတရဲခေါ်လိုက်သည်။
သခင်ကတစ်ချင်မော့ကြည့်၏။

"အိမ်ကအသစ်ဆိုတော့ အိမ်သစ်တက်ရဦးမှာပေါ့နော်"

"ဘာမင်္ဂလာမှရှိလာစရာအကြောင်းလည်းမရှိတာမို့ ဘာအိမ်သစ်မှတက်စရာမလိုဘူး"

"အင်းပါ သခင်ကမလိုအပ်ဘူးဆိုရင်လည်းမလုပ်ပါဘူး"

"နေဦး"

လင်း သခင့်နားကနေထွက်သွားမည်အပြု
သခင့်ရဲ့ဟန့်တားသံကြောင့် လှမ်းနေတဲ့ခြေလှမ်းတွေရပ်တန့်သွားမိသည်။

"ဘာ‌များလဲသခင်"

"အိပ်ခန်းကတစ်ခန်းစီအိပ်မှာနော်"

"ဟုတ်ကဲ့ပါ"

"နောက်ပြီး ထမင်းဟင်းကိုယ့်ဘာသာချင်နော် ...ငါကတော့ချက်မကျွေးနိုင်ဘူး"

"ဟုတ်ကဲ့ပါ ..လင်း ကိုယ့်ဘာသာဝယ်စားမှာပါ"

လင်းအခုအချိန်ထိ ထမင်းပင်မချက်ဖူးသေးပါ။အဆိုးဆုံးပြောရရင် ကြက်ဥပင်ဘယ်လိုပြုတ်ရမယ်မသိသေး။သခင်ကတော့အရာရာမှာထက်မြက်သူပီပီ အကုန်လုပ်တတ်သည်။

"မင်းအဖေက မင်းကိုအိမ်ထောင်ကျ ချ‌ပေး
တတ်တယ်နော်..ထမင်းဟင်းချက်တတ်အောင်ကျ သင်မပေးထားဘူးလား...မင်းကရောဒါတွေလုပ်ဖို့စိတ်ကူးမရှိဘူးလား...ငါ့နေရာမှာယောက်ျားတစ်ယောက်နဲ့သာမင်းရကြည့် မင်းအခုလိုမျိုးထမင်းဟင်းမချက်တတ်ဘဲနေလို့ရမယ်မထင်နဲ့"

သခင် (Completed)Where stories live. Discover now