အပိုင်း(၃၃)

5.3K 309 14
                                    

သခင်သူ့နောက်ကိုအပြေးလိုက်သွားလိုက်၏။‌

သနားစရာကောင်းစွာ သူအရင်က ဂစ်တာတီးရင်ထိုင်နေကျနေရာလေးမှာကုပ်ကုပ်ကလေးထိုင်ကာငိုနေ‌ေလ၏။သခင်သူ့ဘေးနားကိုသွားကာ ဝင်ထိုင်လိုက်သည်။

"အလင်း"

"မလာပါနဲ့"

"ဘာလို့လဲကလေးရဲ့..မမကိုဘာလို့နှင်ထုတ်နေရတာလဲ"

"ကျွန်မကိုမုန်းသွားဦးမှာပဲမလား...ကျွန်မ မှတ်ဉာဏ်တွေပြန်ရတာသိသွားပြီမို့ ကျွန်မကိုအရင်တုန်းကအတိုင်းမုန်းသွားမှာပဲမလား"

"မမကိုကြည့်စမ်း"

သူ့ကိုယ်လုံးကို သခင့်ဘက်လှည့်စေကာ
သခင့်ကိုကြည့်စေသည်။မျက်ရည်တွေကြားမှ သခင့်ကိုပြန်ကြည့်လာသည်။

"မမက အလင်းကိုမုန်းနေတဲ့ပုံပေါက်နေလို့လား"

"ဒါပေမဲ့ ကျွန်မကိုမုန်းနေတာပဲမလား"

"မမ မနေ့ကမှ အလင်းကို ချစ်တယ်လို့ပြောထားတာလေ"

"အဲ့ဒါလည်း သခင်ကျွန်မကိုတကယ်မချစ်ဘဲ ပြောခဲ့တာပဲမလား"

"မဟုတ်ပါဘူး ကလေးရယ်..မမမင်းကိုတကယ်ချစ်လို့ပြောခဲ့တာပါ"

"ကျွန်မသခင့်ကိုမယုံဘူး...သခင်ကျွန်မကိုဘယ်လောက်ထိမုန်းလဲဆိုတာကျွန်မသိတယ်"

မယုံဘူး တဲ့လား ကလေးရယ်။ သခင်ချစ်တာကိုမယုံဘူးတဲ့။

"ဒါဆို မမဘယ်လိုသက်သေပြမှယုံမှာလဲ"

"ဘာနဲ့မှသက်သေမပြပါနဲ့သခင်...ကျွန်မကိုလည်းဟန်‌ဆောင်ချစ်ပေးစရာမလိုပါဘူး...သခင်ကျွန်မကိုမချစ်ဘူးဆိုတာလည်းကျွန်မသိတယ်...မုန်းနေတယ်ဆိုတာလည်းကျွန်မသိတယ်"

သူ့စကားတွေကြောင့်သခင်နာကျင်ရသည်။
သူ့ကိုအမှန်အကန်ချစ်နေပြီဆိုကာမှ သူ့ဆီမှမယုံကြည်ခြင်းတွေကိုရနေရသည်။

"မမမင်းကိုမမုန်းပါဘူးကလေးရယ်..မမ မင်းကိုသိပ်ချစ်တာပါ"

"သခင့်အသက်ကိုကယ်ခဲ့လို့ဆိုပြီး မချစ်ဘဲနဲ့ပြန်ချစ်ပေးစရာမလိုပါဘူးသခင်ရယ်...အဲ့ဒါကြောင့်ဆိုရင်တော့ သခင့်မေမေကျွန်မကြောင့်ဆုံးသွားခဲ့တာမလား...အဲ့ဒါနဲ့‌ေချလိုက်ပါ..ဒါ‌တောင်ကျွန်မဘက်က အကြွေးတင်နေသေးပါတယ် ..သခင့်ကြောင့်ကျွန်မ မသေခဲ့ဘူးလေ"

သခင် (Completed)Where stories live. Discover now