အပိုင်း(၁၅)

4.4K 279 7
                                    

Unicode

"မမယုကိုအားနာလိုက်တာ"

"ကြံဖန်အားနာနေပြန်ပြီ ဒီကလေးတော့"

" အားနာရတာပေါ့ မမယုရဲ့"

ဖူးမြတ်ဆီအလည်သွားရင်း ညရောက်သွားသဖြင့် မမယုကပြန်လိုက်ပို့ရသည်။အားနာသဖြင့် လိုက်မပို့ဖို့ငြင်းပေမဲ့ စိတ်မချဘူးဟုဆိုကာ လိုက်ပို့‌ေပးခဲ့သည်။

"မမယုကိုတစ်ခုမေးချင်လို့ရမလားဟင်"

"ဘာများမေးချင်လို့လဲ လင်းလေးရဲ့"

မမယုက လင်းဘက်ကိုခေါင်း‌လှည့်ကြည့်ရင်းမေး၏။

"မိန်းကလေးတစ်ယောက်ကအခြားမိန်းကလေးတစ်ယောက်ကို ချစ်မိနေတယ်ဆိုတဲ့အပေါ် မမယုဘယ်လိုမြင်လဲဟင်"

ဒီလိုမေးခြင်းမှာအကြောင်းရှိပါသည်။မမယုရော သခင်ရောနှစ်ယောက်စလုံးကလုံးဝကို အဖြောင့်စစ်စစ်တွေဖြစ်ပြီး နှစ်ယောက်စလုံးကအနေအထိုင်သိမ်မွေ့ကာ မိန်းမဆန်ကြသည်။
သခင့်ကိုချစ်တယ်ဖွင့်ပြောတုန်းက သခင့်မျက်နှာမှာအံ့ဩရှက်ရွံ့သွားဟန်တဲ့ ဒေါသထွက်နေတဲ့အမူအရာတို့ပြကာ လင်းကိုတောင်ရိုက်ခဲ့သည်မဟုတ်လား။ဒါကိုကြည့်ခြင်းဖြင့် သခင်က အဲ့ဒီလိုချစ်ခြင်းမျိုးအပေါ်မနှစ်သက်၊လက်မခံနိုင်တာသိသာနေသည်။အခုတော့ မမယုလိုလူဆီကထင်မြင်ချက်ကိုသိချင်မိသည်။အနည်းဆုံးတော့ သခင်ရဲ့ခံယူချက်နဲ့မမယုရဲ့ခံယူချက်တူနေခဲ့ရင် ကိုယ့်အတွက် ဘာတွေဆင်ခြင်ပြီး ဘာတွေပြုမူရမလဲဆိုတာ အကူအညီဖြစ်ရင်ဖြစ်နိုင်သည်။

"မမအနေနဲ့တော့ သူများတွေဘယ်လိုနေထိုင်တယ်ဆိုတာအရေးမကြီးဘူးလေ၊လူတိုင်းကကိုယ့်စိတ်နဲ့ကိုယ်ပဲမဟုတ်လား...အဓိက က ကိုယ့်ရဲ့လုပ်ရက်ဟာအခြားသူကိုအနှောက်အယှက်မဖြစ်ရင်ရပြီပဲလေ..."

"ဒါဆို မမယုကအဲ့လိုမျိုးအချစ်တွေကိုလက်ခံတာပေါ့နော်"

"လက်မခံဘူးလက်ခံတယ်ဆိုတာထက် သူများတွေအဲ့လိုမျိုးချစ်တော့ရော မမကိုဘာမှဘာထိခိုက်နေတာမှမဟုတ်တာ မမနဲ့အနေသာကြီးလေ"

မမယုကိုသံသယဝင်မိတာကိုကတကယ်အမှားပဲ။မမယုကအစကတည်းကစိတ်ထားပြည့်ဝတဲ့မိန်းမပဲလေ။သူ့အလုပ်သူလုပ် သူ့အကြောင်းသူပဲခေါင်းထဲထည့်တဲ့သူမျိုး၊အခြားဘာမှသိပ်ပြီးတွေးတောနေတတ်တဲ့သူမှမဟုတ်တာ။

သခင် (Completed)Where stories live. Discover now