အပိုင်း(၃၆)

4.9K 302 8
                                    

"သခင် ဒီမှာကြည့်"

မှန်ရှေ့မှာခေါင်းဖြီးနေတဲ့သခင့်ကို လှမ်းခေါ်မိတော့ သခင်ကနောက်ပြန်လှည့်ကြည့်လာ၏။

"ဘာလဲ အလင်းရဲ့"

"ကျွန်မဆံပင်တွေ‌လေ
သခင့်ဆံပင်‌နီးနီးတောင်ရှည်နေပြီ"

သခင်ကဆံပင်ကို ခါးအောက်အထိသာအရှည်ထားသည်။ဒီထက်ပိုပြီး အရှည်မထားပါ။ရှည်လာရင်ပြန်ညှပ်ပစ်သည် ။ကိုယ်လည်းသခင့်ကိုအားကျပြီးဆံပင်အရှည်ထားခဲ့တာ သခင့်ဆံပင်လောက်နီးနီးရှည်ခဲ့ပြီ။ကိုယ်ကသခင့်ထက်အရပ်ပုတာမို့ သခင့်ထက်ဆံပင်ရှည်တယ်ထင်ရပေမဲ့ အမှန်တကယ်တော့ သခင်လောက်မရှည်သေးပါ။

"အွန်း..အလင်းက ဆံပင်ရှည်နဲ့ပိုပြီးလှတယ်"

"သခင် ..ကျွန်မဒီနေ့ဆေးရုံလိုက်ချင်တယ်"

"ဘာလုပ်လိုက်မှာလဲ အလင်းရယ်...ကိုယ့်အိမ်မှာကိုယ်နားနေမယ်မဟုတ်ဘူး"

ဆေးရုံကိုတစ်ခါလိုက်ဖို့အရေး အာပေါက်အောင်ပြောရသည်။နောက်ဆုံးစိတ်ကောက်ဟန်ဆောင်မှသာ လိုက်ခိုင်းတတ်သည်။

"ကျွန်မကိုမခေါ်ရင်..စိတ်ဆိုးမှာနော် သခင်"

"ကဲပါ လိုက်ခဲ့"

သခင်ကကိုယ့်ကိုတော့စိတ်ဆိုးမခံပါ။ချော့ရမှာပျင်းလို့ပဲလား၊မချော့တတ်လို့လာတော့မသိပါ။စိတ်ဆိုးဟန်ပြင်လိုက်ရင်ကို အလိုလိုက်တော့သည်။

"သခင် ကျွန်မဒါလေးနဲ့လိုက်ရဲ့လား"

"တိုမနေဘူးလား"

သခင်ဟာ အင်္ကျီဂါဝန်လေးကို အလိုမကျစွာကြည့်ရင်းပြောသည်။

"မတိုပါဘူးသခင်ရဲ့"

မတိုဘူးဆိုပေမဲ့ ဒူးအထက်၃လက်မလောက်တော့ရောက်သည်။အတိုအပျက်မဝတ်တဲ့
သခင့်အတွက်တော့ထိုအနေအထားဟာ မျက်စိနောက်စရာဖြစ်နိုင်သည်။

"အလင်း အရင်ကဂျင်းဘောင်းဘီတွေပဲဝတ်တာမလား..အခုလည်းဘောင်းဘီရှည်ပဲဝတ်ခဲ့ပါလား"

"အဲ့ဒါအရင်တုန်းကလေသခင်ရဲ့...ကျွန်မဘောင်းဘီရှည်တွေဝတ်တယ်ဆိုတာ အရပ်ရှည်တယ်ထင်ရအောင်ဝတ်တာသခင်ရဲ့...အခုတော့ဂါဝန်လေးတွေပဲဝတ်ပြီး သခင့်ကလေးလေးပဲလုပ်တော့မယ်"

သခင် (Completed)Where stories live. Discover now