အပိုင်း(၂၆)

4.7K 300 11
                                    

သခင့်အိမ်ဝန်းထဲကိုအရင်လည်းဝင်နေကျဖြစ်ပေမဲ့ သခင်ဒီအိမ်မှာရှိနေတယ်ဆိုတဲ့အသိကြောင့် ဟိုကြည့်ဒီကြည့်ဖြင့်ရှာနေမိသည်။ သခင်နဲ့ဟိုအိမ်မှာနေစဉ်တစ်လျှောက်လုံး သခင်ကသူ့‌အဖေကိုစိတ်ဆိုးနေသဖြင့် ဒီအိမ်ကိုမလာခဲ့ပါ။လင်း ဖေဖေ့အိမ်ကိုအလည်လာတိုင်းသခင်စိုက်ထားတဲ့ အသီးအပင်လေးတွေ ပန်းပင်လေးတွေကိုအမြဲရေလောင်းပေးဖြစ်သည်။အခုလည်း ဘာရယ်မဟုတ် အပင်တွေရေဖျန်းပေးမည်ဟူသောရည်ရွယ်ချက်ဖြင့်လာခဲ့တာဖြစ်သည်။တကယ်တော့ သခင့်ကိုတွေ့ချင်တဲ့ရည်ရွယ်ချက်ကပိုများပါသည်။

ပန်းပင်တွေအပါအဝင်အပင်အားလုံးရဲ့တစ်ဝက်လောက်ကိုတော့ ရေဖျန်းပြီးသွားခဲ့ပြီ။

စိတ်ထဲတစ်ယောက်ယောက်ကြည့်နေသလို ခံစားရသဖြင့် ဘေးဆီကိုကြည့်လိုက်မိ၏။

"အမေ့"

သခင်ပဲ။ဗန်ဒါပင်‌အောက်ကနေ
လူကိုစူးစူးစိုက်စိုက်ကြည့်နေလိုက်တာ။လက်က‌ေလးကိုလည်းပိုက်ထားသေး၏။ခပ်နီးနီးအနေအထားမို့သခင့်ရဲ့စူးစူးရဲရဲမျက်ဝန်းတွေကို‌ေသ‌ေသချာချာမြင်‌ေနရသည်။သခင်နဲ့အကြည့်ချင်းဆုံမိတဲ့အခိုက်အတန့်မှာ တစ်ကိုယ်လုံးကအားအင်တွေစုပ်ယူသလိုခံစားလိုက်ရသည်။

'ဘုရားရေ သခင်ကငါ့ဆီလာနေတာပဲ'

သူ့အိမ်ထဲခွင့်ပြုချက်မ‌ေတာင်းဘဲဝင်လာကာ ကိုယ့်အိမ်ကိုယ့်ယာလိုသတ်မှတ်ကာ အပင်တွေတောင်ရေလောင်းလိုက်သေးသည်မဟုတ်လား။အခုတော့ သူခိုးလူမိသလိုဖြစ်နေတော့၏။

"ဘာလုပ်နေတာလဲ"

"ရှင်"

ဗျောင်အသား‌ေရာင်လက်‌ဖောင်းအင်္ကျီကလေးမှာပုခုံးအောက်လက်ကလေးဖြစ်ပြီး သခင့်ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်လေးနဲ့လိုက်ဖက်လွန်းနေသည်။နီညို‌ရောင်ထဘီအစင်မှာ အပွင့်အခက်လေးများနှင့်လှနေသည်။
အဆီမရှိတဲ့ခန္ဓာကိုယ်ချပ်ချပ်လေးမှာ ဘာဝတ်ဝတ်လှနေသည်။သခင်ဖြစ်နေလို့လည်း လှ‌ေနတာဖြစ်မှာပါ။ကတီပါ ဖိနပ်နီညိုလေးကြောင့် အခင့်ခြေဖမိုးအလှဟာ ပိုပြီးပေါ်လွင်သွားရ၏။သခင့်ရဲ့ကတီပါဖိနပ်လေးဖြစ်ချင်လိုက်တာ။

သခင် (Completed)Where stories live. Discover now