"ဘာတွေကြည့်နေတာလဲ"
စာအုပ်ကိုကြည့်နေတာ အတော်ကြာနေသည်မို့ ပုစ္ဆာရွေးနေရင်းမှ မေးလိုက်မိသည်။
"အစားကွင်းစက်တဲ့"
"သိပ္ပံဘာသာလား"
"မြက်ပင်က နေရောင်ခြည်ကြောင့်ရှင်သန်တယ်။ ယုန်ကမြက်ကိုစားတယ်။ ဝံပုလွေက ယုန်ကိုစားဖို့ချောင်းနေတယ်"
"ခင်ဗျားစဥ်းစားကြည့် အဲ့တာအစာကွင်းစက်လား"
"မင်း ဘာပေါက်ကရမေးအုံးမို့လဲ"
စာပြလာတဲ့သက်တမ်းတစ်လျှောက် ဒီကျောင်းသားနဲ့တွေ့မှ မဖြေနိုင်တဲ့မေးခွန်းတွေ ရှိလို့လာတယ်။ သူ့ကိုကြောက်တဲ့အထဲ အဲဒါတွေလည်းပါတယ်။
"ထပ်စဥ်းစားရင် ဝံပုလွေကို ကျားတွေခြင်္သေ့တွေကစားမယ် အဲ့ကျားနဲ့ခြင်္သေ့တွေကိုက လူတွေက စားလို့ရတယ်"
စလာပြီပေါက်ကရ သူပဲစားအဲ့ဟာတွေ။
"နေကလည်းအစာကွင်းစက်မှာပါတယ်။ အဲ့နေကဘာစားတာလဲ"
လာကြည့်လှည့်ပါလား အန်တီနွေ။ စကားသိပ်မပြောရှာတဲ့ အန်တီသားကို။
"ကြည့်နေပြန်ပြီ ဇီးကွက်ရုပ်နဲ့။ ဘာဖြစ်ချင်လို့လဲ ခင်ဗျားပုံက"
"ဘာမှမဟုတ်ပါဘူး။ မင်းကိုစာသင်ပေးရတာ ငါပါပညာဆန်းတွေရတယ်လို့"
"ဒေါက် ဒေါက် ဒေါက်"
"အန်တီအနှောင့်အယှက်ဖြစ်သွားလား"
"ဘာလို့ဖြစ်ရမှာလဲ အန်တီရဲ့။ သားကိုပြောစရာရှိလို့လား"
"ဒီမှာ သားအိပ်ရင်လဲဖို့ဝတ်စုံ"
မိုးပြာရောင်ပိုးသား Pajamas ပေးလို့ပြောလာသည်။
"ရပါတယ် အန်တီနွေရဲ့။ သားဒါနဲ့ပဲအိပ်လို့ရပါတယ်"
"ညစ်ပတ်လိုက်တာ"
အနောက်ကထွက်လာသော ကျက်သတုံးလေးရဲ့အသံဖြစ်သည်။ကိုယ့်ဘက်က ခံရပေါင်းလည်း များလှပြီ။
"ဝတ်လိုက်ပါသားရဲ့။ မင်းညီလေးတွက်ဝယ်ပေး ထားတာ ဒါမျိုးတွေမဝတ်တော့ အန်တီဆီမှာအပိုကြီးလိုဖြစ်နေရော။"