Part-22

2.7K 87 0
                                    

ဒီငရဲလိုနေရာမှာဆက်မနေနိုင်တော့ နာကျင်မှုတွေကြောင့်မေ့မျောသွားလိုက် နာကျင်မှုတွေနဲ့အတူပြန်နိုးထလာလိုက်နဲ့။ မလွတ်နိုင်တာသေချာရင် အသေသတ်ပေးဖို့သာတောင်းဆိုလိုက်ချင်သည်။

"အကိုသတိရလာပြီလား"

အနားရောက်လာသည့်တိုင်အောင် သတိမထားမိဘဲတွေးတောနေသူ။ ဘေးနားလေးမှာဒူးထောက်ထိုင်လို့မေးလိုက်တော့ အလန့်တကြားအနောက်ရွေ့သွားပြီးတုန်လှုပ်နေ၏။

"မ မလာပါနဲ့။ တောင်းပန်ပါတယ်ကျွန်တော့်ကို ဘာမှမလုပ်ပါနဲ့ တောင်းပန်ပါတယ်"

မျက်ရည်များစီးဆင်းလာလို့ လက်အုပ်ချီကာတောင်းပန်နေသူ။ ဒူးထောက်ကာမြေကြီးပေါ်နဖူးထိတဲ့အထိခေါင်းစိုက်လိုက်ပြီး

"ဘာမှမလုပ်ပါဘူးဗျာ။ ခုနကလုပ်မိတာအတွက်တောင်းပန်ချင်လို့ပါ။ ကျွန်တော်လည်းခိုင်းလို့လုပ်ရတာပါ အဲ့အတွက်တောင်းပန်ပါတယ်"

"ဟင့်ရွှတ် လွှတ်ပေးပါ။ ကျွန်တော့်ကိုလွှတ်ပေးပါ ကျွန်တော်ပြန်ပါရစေ"

ငိုသံစွတ်၍တုန်ယင်နေသောအသံတို့ဖြင့်တောင်းဆိုလာသူကို မျက်လုံးချင်းဆုံကာကြည့်မိတော့ နာကျင်ရသည်။

"လုပ်ပေးလို့ရရင်ကျွန်တော်လုပ်ပေးချင်ပါတယ်။ မတတ်နိုင်လို့ပါ။ အဲ့အစားတခြားဘာလုပ်ပေးရမလဲ"

"အကိုဗိုက်ဆာနေတယ်မှတ်လား ဘာစားချင်လဲကျွန်တော်ရအောင်ဝယ်ပေးမယ်လေ"

ပြန်ဖြေမလာဘဲ ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်လို့သာ ရှိုက်ကြီးတငင်သာငိုလာတယ်

"မငိုပါနဲ့ဗျာ။ ပိုအားကုန်ပြီး မောလိမ့်မယ် တစ်ခုခုစားလေ။ အခုချိန်ထိဘာမှမစားရသေးတာကို ကျွန်တော်ထမင်းယူလာပေးမယ်နော်"

"ဟင့်အင်း"

"ဘာလို့လဲတစ်ခုခုစားချင်လို့လား။ ပြောပါဗျာ ကျွန်တော်ရအောင်လုပ်ပေးမယ်"

"ရွှတ် ဟင့် အဲ့ အဲ့ဒါဆို ပုဇွန်ဟင်းချဥ်စပ်စားချင်တယ်။ စပျစ်သီးရောပဲ"

"ဗျာ ဪ အင်းရတယ်။ ကျွန်တော်အမြန်ဆုံးဝယ်လာမယ်ခဏလေးပဲစောင့်နော်"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now