Part-33

2.8K 94 0
                                    

"ဥက္ကဌ Bossရောက်လာပါတယ်"

"လာခိုင်းလိုက်လေ"

အခန်းထဲမှောင်ရိပ်သာကျနေလို့ သွေးအဂ္ဂရှိန်မှာလတ်တလောမလှုပ်ရှားနိုင်သေးတာကြောင့်အိပ်ယာထက်အချိန်ကုန်နေရသည်။ အခန်းတွင်းဝင်လာသူမှာအိပ်ယာဘေးခုံတွင်ထိုင်လာ၏။

"အလုပ်ရှုပ်နေပြီလားငါ့တူ"

"နည်းနည်းပါ တိုင်ပင်စရာလေးရှိလို့လာခဲ့တာ"

"ဘာများလဲ"

"လေးလေးအခုလုပ်နေတဲ့လုပ်ငန်း ကျွန်တော်ဦးဆောင်ချင်တယ်။ အဲ့ဒါတွေကဟန်ပြသက်သက်မဟုတ်မှန်းသိပြီးပြီ"

"ဘာလို့လဲမာန်။ မင်းစိတ်တွေပြောင်းလဲသွားပြီလား"

"မင်းမှန်ပါတယ်။ အမှန်တော့ငါ အမှောင်ဘက်အခြမ်းကရုန်းထွက်ပြီး စီးပွားရေးတစ်နေရာမှာဇောက်ချနေတာ"

"မင်းစိတ်မဝင်စားဘူးထင်လို့ လေးလေးမပြောပြခဲ့တာ"

"ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလို့လဲ။ လေးလေးကြည့်ရတာပုံမှန်နဲ့မတူဘူး"

"မင်းသိလို့မကောင်းပေမယ့် လေးလေးအနေနဲ့ဖုံးကွယ်ဖို့အကြောင်းတော့မရှိပါဘူး။ သိချင်စိတ်ရှိတယ်ဆိုရင်ပြောပြမှာပါ"

လေးလံစွာပြုံးလို့ သက်ပြင်းချလာပြီး

"လေးလေးဘဝမှာတစ်ဖက်သတ်မြတ်နိုးဖူးတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်"

"သူက လေးလေးတို့လိုလူတွေဆိုတအားမုန်းတဲ့သူ။အထူးသဖြင့် သူ့မိသားစုကိုထိခိုက်အောင်လုပ်ခဲ့တဲ့ မင်းအဖေနဲ့လေးလေးကိုပေါ့"

"ဘယ်သူလဲ"

"မပြောနဲ့နော် ကျွန်တော့်အမေလို့"

"ဟားဟား မင်းကတစ်ကယ်မာန်ရိပ်သွေးပဲကွာ။ မှန်တယ် မင်းအဖေကငါအလေးစားဆုံးလူတစ်ယောက်ဖြစ်သလို မင်းအမေကငါ့ရဲ့တစ်ဦးတည်းသောချစ်ခဲ့ရသူပဲ"

"အချစ်ဆိုတာကိုသိလိုက်တည်းက မင်းအမေလက်ခံနိုင်ဖို့တွက် ငါ့ရဲ့လမ်းကြောင်းကိုပြောင်းလဲဖို့ကြိုးစားခဲ့တာ"

"ဒါကြောင့်အမေက လေးလေးကိုဇာတ်သိမ်းမလှဘူးလို့ပြောတာကို"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now