Part-23

2.6K 99 1
                                    

ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်အတွင်းရှိ သီးသန့်ခန်းထဲသို့ မြေမခမိုးဝင်လာသည်။ ထိုအခန်းထဲတွင်တော့ယူနီဖောင်းနဲ့ အသက်ကြီးကြီးလူတစ်ယောက်ရှိနေပြီး ထိုလူရဲ့အရှေ့တွင်ဝင်ထိုင်လိုက်သည်။

"ဘာကိစ္စများလဲ"

"အင့် ဒါကိုမာန်ဆီရောက်အောင်ရှင့်ဘက်ကပို့ပေးရမယ်"

USBတစ်ခုထိုးပေးလို့ပြောလာသူ

"သဘောတူထားကြတဲ့အတိုင်း အခုလုပ်ရပ်မှာ ကျွန်မပါတယ်ဆိုတာ နည်းနည်းလေးတောင်အရိပ်မထင်ပါစေနဲ့"

"ပွဲကပြီးခါနီးပါပြီ။ ကိစ္စအားလုံးပြီးရင်တော့ ရှင်လိုချင်တဲ့အရာ ကျွန်မဘက်ကချက်ချင်းပေးမှာပါ"

သူ့ဘက်ကသာစကားအကုန်ပြောလို့ထွက်သွားလေသည်။ ပေးလာသောပစ္စည်းကို လူတစ်ယောက်လက်ထဲအပ်လို့မှာနေစဥ် ဖုန်းမြည်လာ၍ကိုင်လိုက်သည်။

"ဟယ်လိုယောက်ဖ ကျွန်တော်ပါ"

"ပြော ဇာနည်ထွန်း"

"အကြောင်းထူးတယ် ကိစ္စကအဲ့ကလေးကို ယောက်ဖရဲ့သား ဒီညလာခေါ်ထုတ်လိမ့်မယ်"

"ဘယ်လိုအဓိပ္ပာယ်မရှိတာလဲ အဲ့ကောင်ကဘယ်လိုလုပ်သိမှာလဲ"

"သိရတာတော့ အဲ့ဘက်မှာသစ္စာဖောက်ရှိတဲ့ပုံပဲ။ ညကျရင်လည်း အဲ့တစ်ယောက်ခေါ်ထုတ်လာမှာကို ကျွန်တော်တို့ဘက်ကသွားခေါ်ရုံပဲ"

"တောက်စ် မင်းတို့အစီအစဥ်ကဘယ်အချိန်လဲ"

"ည၉နာရီပါ"

"ငါသိပြီ"
* * * * * * * * * * * * * *

"ဝုန်း ဒုန်း ခလွမ်း"

မနက်ကအထိအကောင်းတိုင်းကျွန်တော်တို့Bossမှာ အမည်မသိပစ္စည်းတစ်ခုရပြီးတည်းကသောင်း ကျန်းလေတော့သည်။ Bossမယားကိုရှာဖို့ကိုလည်း စီစဥ်နေရင်းမှ ရုတ်တရက်ရှာတဲ့အကောင်အသေသတ်မယ်လို့ကြိမ်းလာပြန်သေး၏။

"ကတုံးမင်းလက်ထဲကဘာလဲ"

"Bossအခန်းထဲသွားရှင်းရင်းသူရလာတဲ့ပစ္စည်းကိုယူလာတာ"

"ငါ့ပေးကြည့်"

"USBပဲ ဘာတွေပါလို့ဒီလိုဖြစ်သွားတာလဲ"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now