မြေအောက်ခန်းလိုနေရာတစ်ခုတွင် ဝါကျင်ကျင်မီးရောင်သာလင်းနေပြီး နံရံထောင့်တို့မှာသေတ္တာအချို့စီကာထားသည်။ အလယ်နားလောက်မှာစားပွဲတစ်လုံးရှိနေလို့ ထိုအပေါ်တွင်တော့လက်နက်မျိုးစုံ သေနတ်ကအစ တူ၊သံချောင်းအဆုံးနာကျင်စေနိုင်သမျှအရာအားလုံးတင်ထား၏။
"အား မလုပ်ပါနဲ့ တောင်းပန်ပါတယ်"
"ငါ ငါမလုပ်တော့ပါဘူး ကျေးဇူးပြုပြီးမလုပ်ပါနဲ့"
"အား နာတယ် တစ်ယောက်ယောက် ကယ်ပါ ကယ်ကြပါ"
ပုံမှန်ထက် အဆပေါင်းများစွာဆိုးလွန်းနေသော Bossရဲ့စိတ်အခြေနေကြောင့် ကိုယ်တွေရှိနေတဲ့နေရာက ငရဲပြည်ကြီးအလား။
"ဒါမင်းတို့ရဲ့နောက်ဆုံးလက်ချောင်းပဲ"
"ပြောလိုက်တော့ခွေးသတောင်းစားတွေ ဘယ်မအေဘေးက မင်းတို့ကိုခိုင်းတာလဲ ဟမ်"
ဟိန်းဟောက်နေတာကို သုံးယောက်သားမကြောက်မရွံ့ သွေးသံရဲရဲကြားနှုတ်ဆိတ်နေကြလို့။ ဘယ်လိုမက်မောစရာတွေများရကြလို့ မာန်ရိပ်သွေးလိုလူကိုမှလာထိကြလည်းမသိ။
"ဟက် ဘာလဲ မပြောတာလား"
"မင်းတို့စောက်သံကြားဖို့ လျှာတစ်ချောင်းလုံးချန်ထားပေးတာလေ အဲ့လျှာလည်းမလိုတော့တဲ့ပုံပဲ"
"တောင်း ပန် ပါ တယ် အ့ ဝေါ့"
"မင်းတို့လို ပေါက်လို့ပဲစားစောက်ဆင့်နဲ့ ငါ့လုပ်ငန်းတွေသိစရာအကြောင်းမရှိဘူး"
"ဒီလောကမှာ မာန်ရိပ်သွေးရဲ့ ပစ္စည်းဆိုဘယ်ကောင်မှထိခွင့်မရှိဘူး အဲ့ကိစ္စတွေကို တိုင်ရဲတဲ့ကောင်ဆို ဝေလာဝေးပဲ"
"ဘယ်သူလဲဆိုတာပြောဖို့စောက်ရမ်းခက်နေတာလား"
"အားးးချီးပဲကွာ ကျစ် မင်းတို့သိလား။ မင်းတို့သိရဲ့လား. ဟမ်."
"မင်းတို့ကြောင့် မင်းတို့ကြောင့် ငါဘာကိုဆုံးရှုံးသွားခဲ့လဲသိလား"
ပြောနေရင်းမှ အော်ဟစ်လို့ ထိုလူတွေအားဆောင့်ကန်ချရင်း ခေါင်းအားနင်းခြေနေလိုက်တာ ကွဲထွက်မတတ်။ ဦးခေါင်းခွံရဲ့ကျိုးကြေသံတို့ကအပြင်ကနေတောင်ကြားနေကြရသည်။