"လှိုင်းလေး သား ဒီကိုလာ။ ဝင်မသွားနဲ့အုံး"
ကြီးကြီးလှမ်းခေါ်လို့ အိမ်ဘေးဘက်ကိုပါသွားတော့သည်။
"ကြီးကြီး ဘယ်သူတွေလဲ။ ဘာဖြစ်နေကြတာလဲ"
"ရူး ခဏလေးနေ။ အခြေနေမကောင်းရင်ပြန်လိုက်တော့။ ဒီအကြောင်းတွေလည်းဘယ်သူမှလျှောက်မပြောနဲ့နော် ကြားလား"
"ရှုပ်ရှုပ်ရှက်ရှက်ပါဗျာ။ ဘာကိစ္စပြောရမှာလဲ။"
"အာ့"
ရုတ်တရက် ငယ်ထိပ်လာမှန်လာသောအရာကိုကြည့်တော့ ခဲဖျက်။ ဘယ်လိုတောင်ပစ်လဲမသိ ခဲဖျက်သေးသေးလေးက အီစလန်ဝေသွားတာပဲ။ မော့ကာကြည့်တော့ ကျက်သရေတုန်းလေး
"ဟေ့ ဇီးကွက်။ တက်လာခဲ့"
"ဘာ ဘယ်လိုတက်လာရမှာလဲ။ ရူးနေလား"
"ရူးတိုးတိုးပြောကြပါ သားတို့ရယ်"
"ကြီးကြီးကလည်း သားတိုးတိုးပြောတော့ အပေါ်ကမျောက်က ဘယ်လိုကြားမှာလဲ"
သတိပေးပြောနေတဲ့ ကြီးကြီးမှာ စိုးရိမ်ထိတ်လန့်နေပုံနှင့်မို့ အိမ်ထဲကပုဂ္ဂိုလ်မှာ အရေးကြီးသည်ဟု ထင်လိုက်သော်လည်း
"အိမ်ထဲဝင် လှေကားကနေတက်ခဲ့။ လာနေကျနေရာပဲကို ဘာလဲအတိတ်မေ့သွားပြီလားဟမ်"
"အိမ်ထဲမှာ ဧည့်သည်ရှိတယ်ဟ"
"စောက်ဂရုစိုက်မနေနဲ့။"
အပေါ်က အော်ပြောနေသော သကောင့်သားကတော့ထိုလူကိုအဖတ်လုပ်ပုံတောင်မပေါ်။
"ခင်ဗျားတက်မလာဘူးလား။ ဒါဆို ကျွန်တော်ခုန်ချလာခဲ့မယ်"
"လာမယ်။ တက်လာမယ် ဘယ်လိုဖြစ်နေတာလဲ"
ခုန်ချပေါ့။ သေလည်းအေးတာပဲကို။ သူကျတော့ဆင်းမလာရဲပဲနဲ့။
တက်ခဲ့မယ်သာပြောတာ တံခါးဝမှလူတွေရှေ့ရောက်တော့ ဆက်မသွားရဲတော့။ လူကိုလာကြည့်နေတာကိုက မှတ်ပုံတင်ပဲထုတ်ပြရမလို ထောက်ခံစာပဲပြေးယူရမလို ခပ်တည်တည်ဝင်လာခဲ့တော့ တားဆီးလာခြင်းမရှိ။
အထဲရောက်တော့ အန်တီနွေက ဆိုဖာပေါ်ကျောပေးထိုင်နေသည်။ တွေ့လိုက်ရတဲ့သူက မာန်လေးရဲ့ ဦးလေးဆိုသူ သုံးဆယ်ဝန်းကျင်လောက်သာ ရှိအုံးမည်။ ရုပ်ကလည်း သူ့ဦးလေးလို့ ပြောစရာမလို အတော်လေးကြည့်ကောင်းတဲ့ထဲပါသည်။