"သစ်ရေ ဒဏ်ရာရတဲ့သူတွေအများကြီးရောက်လာလို့ ဆေးထည့်ကူရမယ်"
"လာပြီ လာပြီ"
ဝင်လာခဲ့သောအခန်းရဲ့ တန်းစီးထားသောကုတင်များထဲမှ ထိပ်ဆုံးဘက်သို့ကြည့်လိုက်တော့ တွေ့လိုက်ရသည့်သူကြောင့်
"ဘုရားရေ ဆရာသမား ခင်ဗျားလာနောက်နေတာလား"
ပြန်တောင်ပြောမလာယောင်ကိုင်းနေသောမျက်နှာနဲ့ပြုံးပြလာပြီး တစ်ဖက်သာကောင်းတော့သောလက်ကမြှောက်ပြလာ၏။
"ပြုံးနိုင်သေးတယ် ခင်ဗျားကိုခင်ဗျား ဒီဆေးရုံရဲ့ဖောက်သည်များမှတ်နေလား"
"အဲ့လိုဖြစ်နေတာလား။ ဒီတစ်ခါတော့ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး အဖော်တွေနဲ့"
ပြလာသောနေရာကြည့်နေတော့ဘေးကကုတင်တွင် တန်းဆီလျက် စကားတောင်မပြောနိုင်ရှာလာသော ကိုဝဿန်ဦးကြီး။သူ့ဘေးမှာတော့ အခုထိသတိမရသေးသည့်သူတစ်ယောက်။ နောက်တော့ဆေးထည့်ပေးတာကို အသကုန်အော်နေတဲ့Lady boyတစ်ဦး။
"ခင်ဗျားတို့ရှေ့တန်းတွေဘာတွေ ထွက်တိုက်ခဲ့ကြတာလား"
"ဆိုပါတော့"
"ဘာဆိုပါတော့လဲ"
"မအော်ပါနဲ့ကွာ။ ကိုယ့်ကိုဆေးထည့်ပေးပါဦး"
"မလုပ်ပေးဘူး တခြားတစ်ယောက်နဲ့ထည့်။ ကိုဝဿန်ကြီးကိုပဲလုပ်ပေးမှာ"
"မရပါဘူး မင်းကိုပဲထည့်မှာ"
"ဘာ"
"မင်းနဲ့ပဲထည့်မှာလို့။ ဆေး ဆေး"
"ခင်ဗျားကြီးတော့နော်"
တစ်ကိုယ်လုံးဒဏ်ရာတွေကို အသာအယာကိုင်တွယ်လို့ ဆေးထည့်ပေးလာသူအားတစ်စိမ့်စိမ့်ကြည့်နေလိုက်သည်။
"ကိုယ့်စွာတေးလေးက ပြုစုလိုက်ရင်တော့ယုယမှုအပြည့်ပဲနော်"
"ဘာလဲ ဒါကကျွန်တော့်အလုပ်လေ။ သူနာပြုတစ်ယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်လုပ်ရမှာပေါ့"
"ဒါဆို ကိုယ့်ရဲ့ကိုယ်ပိုင်သူနာပြုဖြစ်လာပေးပါလား"
"ဗျာ ။ဪ သူနာပြုဌားမလို့လား"