Part-38

2.5K 79 0
                                    

"မင်းမှန်ပါတယ် ငါလိုချင်တာအဲ့တာဆိုပေမယ့်"

"ဒီအတိုင်းကြီးဖျက်သိမ်းလိုက်ရင်ငါ့ဘက်မှာရှော့ရှိတယ်"

"အစီအစဥ်အချို့ရှိတယ် မင်းနားထောင်ချင်လား"

နားမလည်နိုင်စွာအာရုံစိုက်ကြည့်လို့လာသည်။

"ဟယ်လင်နဲ့လုံးဝမတွေ့ပဲနေတော့မှာမင်းအဆင်ပြေလား"

"ဘာပြောမှာလဲ ဘာလို့ဟယ်လင်ပါလာတာလဲ"

"ငါပြောတာမင်းတကယ်ချစ်တဲ့သူနဲ့ဝေးနေနိုင်တာသေချာလားလို့"

"ဘာကိုပြော"

"မင်းသူနဲ့အမြဲအတူနေဖို့စဥ်းစားထားရင် ငါမင်းကိုကူညီနိုင်လိမ့်မယ်"

"ငါ့ကိစ္စလည်းအဆင်ပြေသလို မင်းဆန္ဒရှိတယ်ဆိုရင်ငါလုပ်ပေးနိုင်တယ်"

"ဘယ်လိုလုပ်"

"မင်းကငါပြောတဲ့အတိုင်းလိုက်လုပ်ရုံလေးပဲ။ ဘယ်လိုလဲ မင်းသဘောတူလား"

ခဏလောက်တွေးကာစဥ်းစားနေပြီး

"လက်ခံတယ်"

အစီအစဥ်ကိုလိုရင်းပြောခဲ့ပြီး ပြန်လာခဲ့တယ်။ လေ့ကျင့်ခန်းလုပ်ပြီးလို့ ရေချိုးပြီးချိန်Screen မှ Wallpaperတင်ထားတဲ့သူပုံလေးလင်းလာလို့ကြည့်တော့ လေးလေးဖုန်းခေါ်ထားတယ်။ ပြန်ခေါ်လိုက်ရင်း

"ဟယ်လို"

"လေးလေးပြော"

"ငါအခုပဲလန်ဒန်ရောက်ပြီ"

"ဘာလို့လဲ လေးလေးအခြေနေ"

"ငါသက်သာတာကြာပြီ ဖိတ်စာရလို့လာခဲ့တာ"

"ဟမ့် အဝေးကြီးလိုသေးတာကို"

"မင်းမသိဘူးလား အခုတည်းကကြိုလုပ်ကြတယ်လေ ပြီးတော့ မင်းမှာငါ့အတွက်အကြောင်းပြချက်ကောင်းကောင်းမရှိဘူးလား"

"သိပြီ ကျွန်တော်တို့တွေ့ကြရအောင်"
* * * * * * * * * * * * * * *

"စစ်လေး စစ်လေး ဘာလုပ်တာလဲ အခုဆင်းခဲ့"

"ကိုကိုစကား​မပြောရင်တကယ်ခုန်ချတော့မလို့"

"ပေါက်ကရမပြောနဲ့ဆင်းခဲ့အခု"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now