Part-16

3K 87 1
                                    

"သိပြီ အန်တီနဲ့ထားခဲ့ တခြားသွားလုပ်တော့နော်"

"သားကမျက်မှန်မတပ်ဘူးထင်တယ်။ လက်ဆောင်ပေးချင်လို့လား"

"ဟုတ် မှန်ပါတယ်"

အသက်သုံးဆယ်ကျော်ဝန်းကျင်သာရှိအုံးမည့် ကျက်သရေရှိတဲ့ အမျိုးသမီးမှာ အပြောအဆိုအမူအရာတိုင်းသိမ်မွေ့လွန်းလှသည်။

"ရတယ်မလားဗျ"

"ရတာပေါ့ သားသာလိုချင်ရင် အန်တီရအောင်လုပ်ပေးပါ့မယ်"

"ကျေးဇူးပါဗျာ။ ကိုကိုဒီရေလှိုင်းသာ အဲ့မျက်မှန်လေးရရင် သိပ်ပျော်သွားမှာ"

"ဟင် ဘယ် ဘယ်သူသား"

"ကျွန်တော့်အကိုလေ။ အခုကသူ့အတွက်လာဝယ်တာဗျ"

"သားက ဒီရေလှိုင်းရဲ့ညီလေးလား"

"အရင်းတော့မဟုတ်ပါဘူး ကိုကိုက ကျွန်တော့်ကိုစာပြပေးရင်းနဲ့ ခင်သွားကြတာ"

"ဟို အန်တီက ကိုကို့ကိုသိလို့လား"

"သိပ်သိတာပေါ့။ တစ်ချိန်ကအန်တီ့သားအတွက် မျှော်လင့်ချက်လေးတောင်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ကံကြမ္မာကမျက်နှသာမပေးခဲ့ပါဘူးသားရယ်"

ရည်ရည်မွန်မွန်နဲ့ပြုံးလို့ပြောနေသောသူမှာ ဟန်တောင်မဆောင်နိုင်ဘဲ ရုတ်တရက်မှိုင်သွားပြီး မျက်ရည်တွေတောင်ဝဲတက်လို့လာသည်။

"ဗျာ အန်တီ့သားကဘာဖြစ်သွားလို့လဲ"

"ဟွန်...ဪဒီလိုပါပဲ သားကဆိုးတော့သူ့ဦးလေးနဲ့နိုင်ငံခြားလွှတ်လိုက်ရတယ်လေ"

"ဪ ဒါဆိုအန်တီ့ဆီပြန်မလာတော့ဘူးပေါ့"

"အခုချိန်ထိဆိုပါတော့။ အန်တီအနေနဲ့ သားတစ်ယောက်ရှိတာ လိမ်လိမ်မာမာနဲ့ အန်တီ့အနားမှာပဲထားချင်တာ။ မိခင်တစ်ယောက်အနေနဲ့အန်တီကံမကောင်းခဲ့ပါဘူးကွယ်"

ရင်ထဲကလာတဲ့အတိုင်း ခံစားချက်အမှန်တွေနဲ့ပြောနေတာမို့ အလိမ်ညာတွေပါမယ်မထင်။ ဟိုလူအမှန်တကယ် မကောင်းတာတွေလုပ်ရင်တောင် အမေဖြစ်သူက သိခွင့်မရတဲ့ပုံမျိုး။

ဆက်ပြီးပြောလာတဲ့စကားတွေအရ မိဘကထိန်းချုပ်ထားသူမဟုတ်ဘဲ သူကမိဘကိုပြန်ထိန်းချုပ်နေပုံတောင်ပေါ်သည်။ ထိုလူ့ဆီကိုကိုရှိနိုင်ခြေ ပိုများလာပြီမို့ သူ့အကြောင်းထပ်ပြီးစုံစမ်းရမည်။
* * * * * * * * * * * * *

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now