နှစ်ရက်လောက် အနားယူလိုက်ရပြီး တစ်ချိန်လုံးလည်း စစ်လေးကအနားမှာပဲနေတယ်။ ဒီနေ့အလုပ်ဆင်းဖို့ကို မနည်းတောင်းဆိုရပြီး မုန့်စားပြီးမှသွားရမယ်ဆိုကာ သွားဝယ်လေသည်။
"ဘယ် ဘယ်သူတွေလည်းကွဲ့"
"ဒီရေလှိုင်းနဲ့တွေ့ချင်လို့ပါ"
"မြေးနဲ့ဘာကိစ္စရှိလို့များလဲ"
အခန်းထဲရှိနေတုန်း အပြင်မှပြောနေကြသံကြားလို့ ထွက်ကြည့်လိုက်တော့ မာန်ရိပ်သွေးအနားမှာရှိနေတဲ့လူတွေ။ စိုးရိမ်တကြီး အဘွားနားပြေးကာသွားလိုက်ပြီး
"အဘွား"
"မြေးနဲ့သိတဲ့သူတွေလား"
"ဟို ဟုတ် ဟုတ်တယ်အဘွား။ ကျွန်တော့်သူငယ်ချင်းတွေပါ"
"ဟေ ဟုတ်လား။ စိတ်မရှိနဲ့နော် မြေးတို့ပုံက လှိုင်းလေးထက်အသက်ကြီးမယ့်ပုံပေါ်နေတော့ သူငယ်ချင်းတွေလို့ မထင်လိုက်ဘူးကွဲ့"
"သူတို့က နည်းနည်းရုပ်ရင့်တာပါအဘွားရဲ့"
"မင်းတို့ ဘာကိစ္စရှိလို့လဲ"
"Boss ခေါ်ခိုင်းလို့ အခုချက်ချင်းလိုက်ခဲ့ပေးပါ"
ထူးဆန်းတဲ့စကားတွေပြောလာတာမို့ အဖွားတစ်ယောက် မျက်မှောင်ကျုံ့လို့တွေးနေပုံရသည်။ ယုတ္တိမရှိတဲ့အခြေနေကို သံသယမဖြစ်စေလိုတာကြောင့် ဆက်ပြီးလိမ်ဖို့သာလုပ်ရတော့မည်။
"ငါမအားလို့ မလိုက်တော့ဘူး"
"မလိုက်ရင် အတင်းကြပ်ခေါ်ရလိမ့်မယ်"
ရုပ်တွေနဲ့လိုက်ဖက်တဲ့ခြိမ်းခြောက်စကားတို့က ဘယ်သူကြည့်ကြည့် လူကောင်းလို့မထင်ရက်စရာ။ အဖွားကိုကြည့်တော့ အနည်းငယ်ထိတ်လန့်နေပုံတွေ့နေရတာမို့
"ဟိုလေ ဘော့စ်ဆိုတာ နိုင်ငံခြားသွားနေတဲ့သူငယ်ချင်းအဘွားရဲ့။ သူပြန်ရောက်လို့ တွေ့ချင်နေတာထင်တယ်"
"တွေ့ချင်တယ်ဆိုတာထက် အရေးကြီးတယ်။ အကြောင်းတစ်ခုကြောင့် Bossရဲ့စိတ်အခြေနေမကောင်းဘူး"
"ဟုတ်တယ် မင်းမှမလိုက်လာရင် တလောကလုံး သူသတ်လို့သေလိမ့်မယ်"