ညွှန်ပြတဲ့နေရာ ကြည့်လိုက်တော့ အဆောက်အဦးရဲ့ဘေးမှထွက်လာပြီး ခပ်ဝေးဝေးမှာရပ်နေသူ။ မိန်းမဝတ်အိင်္ကျီအဖြူကို အပြာရောင်စကတ်တိုတိုထဲထည့်ဝတ်ထားလို့ ပေါင်တံဖွေးဖွေးသွယ်သွယ်တို့မှ ပေးထားတဲ့အရာတို့အား ခပ်ရေးရေးမြင်နေရသည်။
"Boss စိတ်လျှော့ပါနော် အတင်းမလုပ်ပါနဲ့ ကျွန်တော်တို့အသုံးမကျတာပါ။ ကျွန်တော်တို့မတားလိုက်နိုင်တာပါ Bossမယား နုနုလေးကိုတော့ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ တောင်းပန်"
"ကတုံး ဇွတ်ပြောမနေနဲ့ မင်းအဖေကိုလည်းကြည့်အုံး"
"ဟမ်"
မတ်တပ်ရပ်ရင်း စျာန်ကြွသွားလားမှတ်ရတယ် လုံးဝမလှုပ်တော့။ ကြည့်နေလိုက်တာများ သရေတွေတောင်ကျလာတော့မလိုပဲ။
"အတော်ဆိုးနေပြီ ငါတို့ကျပိုးဆိုးပတ်ဆက်ပြောပြီး သူဟာကိုကျတော့ ခွေးကြီးအသားငမ်းနေတဲ့အတိုင်းပဲ ငမ်းနေလိုက်တာ"
"တိုးတိုးဟ ကြားသွားအုံးမယ်"
"သေချာလည်းကြည့်အုံး အော်ပြောတောင်မကြားလောက်ဘူး"
"မာန် မာန်ရိပ် ငါလေ ငါ"
"ဘာလုပ်နေတာလဲအဲ့မှာ လာခဲ့အိမ်ပြန်မယ်"
"ဟမ် ဪ အင်းလာပြီ"
အော်ဟစ်ကြိမ်းမောင်း အပြစ်တင်မယ်ထင်ထားပေမယ့် အသာအယာခေါ်လို့လာတယ်။ သို့ပေမယ့် သူ့အကျင့်ကိုသိတာမို့ စိတ်မချရသေး။ ထမဖောက်ခင်ပြန်လိုက်သွားဖို့လိုသည်။
"မီးမီးချစ် ကျွန်တော်မပြန်လို့မရတော့လို့ သွားတော့မယ်နော်"
"အင်းပါ"
" လှိုင်း "
"ဗျာ"
"အဲ့လူကိုချစ်တာသေချာရင် သူထက်ပိုချစ်နိုင်အောင်သာလုပ်တော့နော်"
"ဘာ ဘာကိုပြောတာလဲ"
"တို့ပြောတာက လှိုင်းပြောပြတဲ့ခံစားချက်တွေက တစ်ဖက်သတ်မဟုတ်ဘူးလို့"
"ဗျာ"
"ဝေးမနေနဲ့တော့လှိုင်းရေ။ အားကျတယ်သိလား ပိုင်ရှင်ကြီးက လုံးဝမိုက်နေရောပဲ။ လိုက်ဖက်လိုက်ကြတာ"