Part-36

2.5K 83 0
                                    

"Boss ပြန်တော့မှာလား"

"အင်း တစ်နေရာသွားဖို့ရှိတယ်"

"ဘယ်ကိုလဲBoss လိုက်ခဲ့ပေးရမလား"

"မလိုက်နဲ့ မင်းတို့အကုန်ငါ့အိမ်ကိုသွား ပြီရင်လှိုင်းငယ်အနားမှာပဲနေပေး"

"ပြဿနာတစ်ခုလုပ်ထားတယ် ဘာတွေဖြစ်လာမလဲမသိနိုင်တာမို့ နည်းနည်းမှသတိမလျှော့ကြနဲ့"

"ဟုတ်ကဲ့Boss"

Hotelတစ်ခုရဲ့ကျယ်ဝန်းသောခန်းမအတွင်း အထက်တန်းမြင့်လုပ်ငန်းရှင်အနည်းငယ်ဖိတ်၍ ကျင်းပသောပွဲအတွင်းသို့မာန်ရိပ်သွေးဝင်လာခဲ့သည်။ မာန်ရိပ်အားမြင်တော့ ဦးဧကရာဇ်မိုးအနားသို့လျှောက်လာပြီး

"Blood Groupရဲ့CEOပါလား အခုလိုအချိန်ပေးပြီးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"အပန်းမကြီးပါဘူး လူကြီးမင်းကြည့်ရတာပျော်နေသလိုပဲ ဘယ်လိုလဲ ကျုပ်ပေးတဲ့လက်ဆောင်လေးသဘောကျရဲ့လား"

"Mrမာန် သတ္တိရှိတယ်ဆိုတိုင်း အတင့်ရဲလွန်းရင်မကောင်းဖူးနော်"

"မျက်လုံးတစ်လုံးတွက်မျက်လုံးတစ်လုံး သွားတစ်ချောင်းတွက်သွားတစ်ချောင်းဆိုတာကြားဖူးတယ်မှတ်လား"

"မကြားဖူးပါဘူး။ ကျုပ်အနေနဲ့တော့ အပ်နဲ့လာထိုးရင် ပုဆိန်နဲ့ပြန်ပေါက်ရမှကျေနပ်တတ်တာမျိုးဗျ"

"ဟားဟားဟား လုပ်ငန်းရှင်ဖြစ်တော့မှ အပြောဆိုတောင်ယဥ်ကျေးလာသလိုပဲ အဓိပ္ပာယ်ကဆိုးရွားပေမယ့်ပေါ့"

"လူကြီးမင်းလည်းတူတူပါပဲ ရောမရောက်လို့ရောမလိုကျင့်တယ်မှတ်လိုက်ပါ"

မီဒီယာသမားများနဲ့ သူ့လုပ်ငန်းဖွင့်ပွဲအစီစဥ်ကိုတိုက်ရိုက်လွင့်လို့ ကိုယ့်ဘက်ကရိုင်းစိုင်းတဲ့အပြုမှုကိုမျှော်လင့်နေပုံရတယ်။ နည်းနည်းမှအထိမခံတတ်တဲ့စိတ်ကိုအားနည်းချက်လို့မြင်လို့ ရန်စနေခြင်း။

စီးပွားရေးလောကမှာတော့ အပြုအမူနဲ့ နာမည်ကအရေးကြီးတာကြောင့်အသုံးချလို့ရမယ်ထင်လိုက်တဲ့ပုံပဲ။

"ဖိတ်စာရတုန်းကအတော်အံ့သြသွားတယ်။ စျာပနပွဲတွေဘာတွေထင်သွားတာ လူကြီးမင်းအဆင်ပြေလို့ဝမ်းသာပါတယ်"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now