"အကို ဒီကဒ်က"
"လှိုင်းက ကော်ဖီတွေ ကိတ်လေးတွေသဘောကျတယ်မလား"
"အဲ့ကိုသွားကြည့်လိုက် အလုပ်သမားလိုတယ်ပြောလာလို့"
"ဒါပေမဲ့ ကျွန်တော်မှ မုန့်မလုပ်တတ်တာ အဆင်ပြေပါ့မလား"
"ကိစ္စမရှိပါဘူး အဲ့ပိုင်ရှင်က ကိုယ့်အသိလေ။ အလုပ်လုပ်ရင်း တစ်ခါတည်းသင်ပေးဖို့ အကိုပြောပေးထားတယ်။"
"ဗျာ တကယ်လား။ ကျေးဇူးတင်ပါတယ်အကို ကျွန်တော့်ကြောင့် အလုပ်ရှုပ်စေရပြီ"
"မလိုပါဘူးလှိုင်းရဲ့ အကိုလည်းမင်းကို ကိုယ့်ညီလေးလိုခင်လို့ပါ။ အဆင်မပြေမှာလည်းမကြောက်နဲ့ ဆိုင်ရှင်က သဘောကောင်းတယ်"
"လှိုင်းလိုလူတော်လူကောင်းလေးကိုလည်း ဘယ်သူမဆိုသဘောကျမှာပဲ။ စိတ်ညစ်စရာတွေမေ့ပြီး ကြိုးစားလုပ်နော်"
"ဟုတ်ကဲ့ ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးပါအကို"
* * * * * * * * * *၄နှစ်ခန့်ကြာပြီးနောက်
လူအနည်းငယ်သာရှိတဲ့ မှတ်တိုင်ငယ်လေးမှာ လိုင်းကားတစ်စီးထိုးရပ်လာပြီး ကောင်လေးတစ်ယောက်သာဆင်းလာခဲ့တယ်။ နီညိုရောင်ယောပုဆိုးလေးနဲ့ ကာကီရောင် လည်ကတုံးလေးကိုသပ်ရပ်စွာဝတ်လို့ ရွှေရောင်ကိုင်းနဲ့ မျက်မှန်လေးအသာပင့်တင့်ပုံက မြင်သူတိုင်းငေးမောစရာပင်။
ရိုးရှင်းတဲ့ ဘေးလွယ်အိတ်လေးလွယ်ကာ အနက်ရောင်ကတ္တီပါဖိနပ်လေးက ခြေဖမိုးဖွေးဖွေးလေးနဲ့ လွန်စွာ ပနံသင့်လို့။ နားကြပ်တစ်ဖက်မှ သီချင်းဖွင့်နားထောင်နေရင်း လမ်းသွယ်တစ်ခုသို့ကွေ့ဝင်သွားသည်။
မှတ်တိုင်ကနေ ဆိုင်ကိုသွားဖို့ လမ်းအတော်လျှောက်ရတယ်။ လမ်းမကြီးတိုင်းသွားလို့ရပေမယ့် ကားတွေလူတွေ အတော်ရှုပ်တာမို့ လူရှင်းတဲ့ကြားလမ်းလေးက အမြဲသွားဖြစ်တယ်။
နားကြပ်မှ ရင်ဂိုရဲ့တောင်ပံပါရင်မင်းဆီကို သီချင်းလေးနားဆင်လို့လျှောက်လာရင်း ရုပ်တရက်ကောင်းကင်ကိုမော့ကြည့်မိတော့ လေယျာဥ်တစ်ဆင်းပျံသန်းသွားတာတွေ့ရတယ်။ဟုတ်သား ဒီနားမှာလေယာဥ်ကွင်းရှိနေတာပဲ။ Daily Lifeကထွက်လိုက်ရပြီးမကြာခင် အကိုမှော်ဝင်တေး နိုင်ငံခြားသွားတဲ့သတင်းကိုကြားရတယ် အဲ့နောက်ပိုင်းလုံးဝမတွေ့ကြရတော့ဘူး။