လူရှုပ်နေသော လေဆိပ်အတွင်း အငြိမ်မနေနိုင်ဘဲ စိတ်လှုပ်ရှားနေသောကောင်လေးတစ်ယောက်ရှိသည်။ လေယာဥ်မှဆင်းလာမည်သူကိုစောင့်နေသည်မှာ စိတ်မရှည်ဟန်နဲ့ ထိုင်နေလိုက် ထသွားလိုက်။ တအောင့်နေတော့ ဝင်လာသောဖုန်းကိုအလျင်အမြန်ကိုင်ဖြေလေသည်။
"ဟယ်လို"
"ခင်ဗျားဘယ်မှာလဲ"
"ငါကရောက်နေပြီ မင်းကဘယ်မှာလဲ"
"ကျစ် အာတွေ့ပြီ တွေ့ပြီ ခင်ဗျားကို"
လေဆိပ်ဝန်းတွင် Luggageကိုဆွဲလို့ အရပ်ရှည်ရှည် တောင့်တင်းတဲ့ခန္ဓာကိုယ်တွင် လည်ပိတ်အနက်ဆွယ်တာပေါ် အပြာရင့်ရင့်ကုတ်ကို ဝတ်ထားလို့အလွန်ကြည့်ကောင်းသောသူ။ သူရဲ့ဘေး၌ အရပ်ရှည်ရှည်ခန္ဓာကိုယ်တောင့်တောင့်မှာ အဝါရောင်စွပ်ကျယ်ပေါ် ဂျင်းအနက်လက်ရှည်ဝတ်ထားတဲ့ ရုပ်ချောချောကောင်လေးလည်းရှိနေသည်။
လေဆိပ်မှ ထွက်ကာသွားပြီး အနီးနားရှိစားသောက်ဆိုင်ထဲ နှစ်ဦးသားဝင်ရာ လမ်းတစ်လျှောက်လုံး မြင်သူတိုင်းငေးယူရသည်ထိ။ သို့သော်သူတို့နှစ်ဦးရဲ့ အတွင်းစိတ်မှအပူမီးကိုတော့ မည်သူမှမသိနိုင်။
"အခုထိပြန်မလာသေးတာလား"
"တစ်ပတ်ကြာမယ်တဲ့။ ခင်ဗျားစဥ်းစား ကျွန်တော်ဘယ်သွားရှာရမလဲ။ တကယ်စိတ်ပူနေပြီဗျာ"
"အဲ့တော့ ဘယ်ကစလိုက်ကြမှာလဲ"
"ကိုကိုကို့ခေါ်သွားတဲ့ ကားရော နံပါတ်ရောကျွန်တော်သိတယ်။ ခင်ဗျားစုံစမ်းပေး"
"ငါက ဘယ်လိုလုပ်ပြီး"
"ခင်ဗျားက လူကြီးသားလေ"
"ဘယ်ကလေးကရော ငါ့မွေးမှာလဲ"
"ကျစ် ခင်ဗျားမိဘပါဝါတွေသုံးပြီးတစ်ခုခုလုပ်စမ်းပါ"
"သူတို့အကူညီမယူလည်း ငါကိုယ်တိုင်ရအောင်ရှာမှာပါ"
နှစ်ယောက်သား ဆိုင်အတွင်းအချိန်အတော်ကြာပြောဆိုနေကြပြီးမှ ပြန်သွားကြသည်။
မိဘအိမ်လို့ပြောမရသော အိမ်တွင်းသို့ မှော်ဝင်တေး လေးပင်တဲ့ခြေလှမ်းတို့နဲ့ဝင်လာခဲ့သည်။ ဘယ်နှစ်ခါခြေချချ စိတ်ဆင်းရဲစရာခံစားချက်က ရိုးမသွား။