Part-37

2.4K 80 0
                                    

"မင်းဘာပြောလိုက်တာလဲ"

"ခင်ဗျားမဟုတ်တဲ့အခြားတစ်ယောက်နဲ့ ကျွန်တော်လက်ထက်တော့မယ်"

"ဒါပေမယ့်စိတ်ချပါ ခင်ဗျားကလေးတွေအတွက်တော့မွေးတာကနေ နောင်ရေးအထိအကုန်တာဝန်ယူပေးမှာပါ"

"မာန်ရိပ် မင်းစကားတွေကရှေ့နောက်မညီဘူးနော်"

"မင်းငါ့ကိုနောက်နေတာမှတ်လား"

"တကယ်ပြောနေတာ အခုကစပြီးခင်ဗျားနဲ့တွေ့တော့မှာမဟုတ်ဘူး။ မနက်ဖြန်"

"ကျွန်တော်ဒီနိုင်ငံကနေထွက်သွားတော့မှာ။ ကျွန်တော့်အမှားတွက်တော့ ခင်ဗျားနဲ့ကလေးတွေရဲ့တစ်ဘဝလုံးစာကိုထောက်ပံ့ပေးနေမှာ"

"ဘယ်လိုခွေးစကားလည်းမာန်ရိပ်။ နောက်နေတာဆိုတော်ပါတော့ ငါတကယ်ဝမ်းနည်းလာပြီ"

"တော်ပြီ ပြောလို့ပြီးပြီ ခွင့်ပြုပါအုံး"

"မ မဟုတ် မာန် အ့"

လှည့်သွားသူနောက်ပြေးလိုက်ဖို့ပြင်တော့ခလုတ်တိုက်လို့ထိုင်လျက်ကျသွား၏။ တစ်ဖက်သူမှာဆက်မသွားဘဲရပ်လိုက်ပေမယ့်လှည့်လို့တော့မလာ

"အ့ ဟား"

ခြေထောက်နဲ့ဗိုက်မှာအနည်းငယ်နာကျင်သွားလို့ ချက်ချင်းလှုပ်လို့မရတာကြောင့် ထိုပုံစံအတိုင်းဆက်ပြောလာသည်။

"မသွားပါနဲ့ ငါဘာအမှားလုပ်မိလို့လဲ။ မင်းမကျေနပ်ခဲ့တာရှိရင်တောင်းပန်ပါ့မယ် မကြိုက်တာရှိရင်လည်းပြင်ပါ့မယ်"

"ကျေးဇူးပြုပြီးမထားခဲ့ပါနဲ့"

တစ်ခွန်းမှပြန်မပြောလာပဲ ခြေလှမ်းတို့ဆက်လှမ်းရန်ပြင်လိုက်သည်။

"မောင်"

"ငါတကယ်တောင်းပန်တာပါ။ ဒီကိစ္စကငါ့အမှားမဟုတ်လို့ မောင့်အမှားဆိုရင်တောင်ငါ့ဘက်က ငါ့ဘက်ကပဲတောင်းပန်ပါတယ်"

"ငါမောင့်ကိုချစ်တာမလုံလောက်လို့လား"

"ငါ့အချစ်ကိုမောင်မယုံလို့လား"

"ဘာမဆိုငါလုပ်ပေးပါ့မယ် အဲ့ဒါကြောင့်မထားခဲ့ပါနဲ့"

"မောင်"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now