Part-39

2.6K 76 0
                                    

ခင်ဗျားကျုပ်ကိုအသေသတ်ဖို့စီစဥ်ထားတာပဲ

ငါ့ဘဝမှာဘယ်လိုလူမှကြောတာမခံဘူး။ မင်းကအရာအရာအရည်ချင်းရှိပါတယ်မာန်ရိပ်သွေး နှမြောပေမယ့်ငါ့တွက်မဟုတ်ရင် ငါကိုယ်တိုင်ဖယ်ရှားပစ်ရလိမ့်မယ်

"တောက်စ်"

တစ်ဖက်တိမ်ရှောင်လိုက်ပေမယ့်တွန်းတိုက်လာတာကြောင့် နှစ်စီးဘေးချင်းကပ်လျက် လမ်းထက်ကန့်လန့်ဖြတ်ဖြစ်နေ၏။မာန်ရိပ်သွေးရဲ့ကားမှာအရှေ့နဲ့ဘေးဘက်တွင်အန္တရာယ်ရှိလို့ တစ်ဖက်မှတွန်းထုတ်လာခြင်းကိုခံနေရသည်။

"ကွာ သေသင့်နေပြီကို ကျလိုက်စမ်းပါ။ ဟမ့် သေခါနီးတောင်အရည်ချင်းလာပြနေတယ်"

"မလိုအပ်တာတွေလုပ်မနေဘဲ ငရဲသွားလိုက်တော့"

At 9:38PM

ခွဲခန်းထဲမှ ကလေးနှစ်ယောက်ပွေ့လို့Nurseနှစ်ဦးထွက်လာသည်။

"ဒါကအကြီးလေး မိန်းကလေး"

"ဒါကအငယ် ယောကျာ်းလေး"

"ဆယ့်ငါးမိနစ်ခြားပြီးမွေးလာတာ နှစ်ယောက်လုံးကျန်းမာတယ်စိတ်ချရတဲ့အခြေနေပါ"

"ပြီးရင်အခန်းပြောင်းထည့်ထားလိုက်တော့မယ်"

"သူရောဟင် ဆရာမ"

ကလေးတစ်ယောက်ကိုမီးမီးချစ်ပွေ့ယူလို့ နောက်တစ်ယောက်ကို​မြေလွှာသစ်ပွေ့ယူလိုက်သည်။ အဏ္ဏဝါမှာကလေးတွေကိုတစ်ချက်သာကြည့်၍ မေးလာ၏။

"အခြေနေကစိုးရိမ်ရတယ် အကောင်းဆုံးကြိုးစားပေနေလို့ မျှော်လင့်ချက်ရှိပါသေးတယ်"

"ကယ်တင်ပေးပါ ကျေးဇူးပြုပြီးကူညီပေးပါ"

"ကျွန်တော့်အရာအားလုံးပုံအပ်မှာမို့လို့ ကျေးဇူးပြုပြီးအသက်ရှင်အောင်လုပ်ပေးပါဗျာ"

ဒူးထောက်ချလို့ နှဖူးအားကြမ်းပြင်ထိအောင်ငုပ်၍ငိုကာတောင်းဆိုလာ၏။

သွေးအဂ္ဂရှိန်စိတ်ထဲထင့်နေ၍ ဘာကြောင့်မှန်းမသိ ကြက်သည်းတို့ထလို့တစ်ကိုယ်လုံးထုံနေသည်။စထွက်နေရာမှတောင်စဥ်ပတ်လမ်းတစ်လျှောက်ငေးနေရင်း မကြာမီကားတစ်စီးတစ်ရှိန်ထိုးဆင်းလာသည်။

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now