Landanဆေးရုံတစ်ခုတွင်း VIP roomထဲသို့ လူတစ်ယောက်ဝင်လာသည်။
"Boss လူတစ်ယောက်Bossနဲ့တွေ့ချင်တယ်ပြောနေတယ်"
"ဝင်လာခိုင်းလိုက်"
အဏ္ဏဝါစစ် အခန်းထဲဝင်လာတော့ မှန်မှတစ်ဆင့်အပြင်ဘက်ကိုမျက်နှာမူလို့လှည့်နေသူ။
"ငါ အဏ္ဏဝါစစ်ပါ"
"ပြောစရာရှိလို့လား"
"အများကြီးပဲ"
ပြောလိုက်တော့လှည့်လို့ကြည့်လာတယ်။
"အရင်ဆုံးမေးပါရစေ"
"ဘာလို့မင်းပြန်မလာခဲ့တာလဲ"
"ပြီးတော့ ဘာလို့သေလူလိုနေနေရတာလဲ"
ချက်ချင်းပြန်ပြောလာခြင်းမရှိဘဲ ဆိုဖာခုံဆီလျှောက်သွားလို့ဝင်ထိုင်လိုက်သည်။အဏ္ဏဝါလည်းအနောက်မှလိုက်၍ တစ်ဖက်ခုံတွင်ထိုင်လေ၏။
"ပြဿနာရှိလို့လား"
"ကျုပ်ဘက်ကပြန်မေးပါရစေ ခင်ဗျားဘာလို့ဒီမှာရှိနေရတာလဲ"
"မာန်ရိပ်သွေး မင်းအစတည်းကဒီလိုကောင်ပဲလား"
"တစ်ဖက်လူကိုမတွေးဘဲ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ့်ဘက်ဘဲကိုယ်ကြည့်တတ်တာလား"
"အင်း ခင်ဗျားမှန်တယ်"
စိတ်ပျက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး
"ဒါဆိုအခုကစပြီးပြင်ပေးပါ တခြားသူအတွက်မဟုတ်ရင်တောင် ကိုကို့အပေါ်မင်းအဲ့အကျင့်ကိုပြင်ပေးပါ"
"ခင်ဗျားဘာကိုပြောချင်တာလဲ လိုရင်းကိုတိုက်ရိုက်ပြော"
"အင့် ဒါကိုနားထောင်ကြည့်"
ဖုန်းထဲမှအသံဖိုင်တစ်ခုဖွင့်လို့ထိုးပေးလာတယ်။ ဒီရေလှိုင်းနဲ့ဒေါ်နွေခတ်ငြိမ်းတို့တွေ့တုန်းကပြောနေကြသည်ကိုအသံဖမ်းထားခြင်း။
နားထောင်ပြီးသွားတော့ တစ်ခုမှပြောမလာဘဲ ငြိမ်နေသူအား
"မင်းဘယ်လိုထင်လဲ ငါတို့မင်းရဲ့မတော်တဆသတင်းကို ကိုကိုမသိအောင်လှို့ဝှက်ထားကြသေးတာ"
"ဒါတောင် တနေ့ကမှသတိရလာတဲ့မင်းက သေပြီဆိုတဲ့သတင်းကြောင့် ကိုကိုသေမတတ်ခံစားနေရတာမင်းသိလား"