"ဘယ်လို ဘယ်လို အဲ့တော့ရှင်လေးက အိမ်ပေါ်ကအပြီးဆင်းခဲ့တာပေါ့လေ"
ထိုင်ခုံတွင်ထိုင်နေသောဒီရေလှိုင်းရှေ့ ဒူးထောက်ထိုင်ကာ ပေါင်ပေါ်မေးတင်လို့ဆေးလိမ်းခံရင်း အကြောင်းဆုံပြောပြလာသည်။
"ဘယ်လိုလုပ်လိုက်တာလဲစစ်လေးရယ်"
"ဘယ်လိုလုပ်ရမှာလဲ လင်နောက်လိုက်မယ်ဆိုပြီးအသိပေးခဲ့ရုံလေးကို"
"မိုက်ရူးရဲဆန်တာတွေလျှောက်မလုပ်နဲ့စစ်လေး။ အခုအိမ်ပြန်"
"အခုပြန်ရင် အသတ်ခံရမှာပေါ့။ ကိုကိုကျွန်တော့်ကိုမသနားဘူးလား"
"မဟုတ်ရင်တောင် သနားစရာလမ်းပျောက်နေတဲ့ခွေးလေးဆိုပြီးခေါ်ထားပေးလေ။ အခုကျွန်တော့်မှာ နေစရာရော စားစရာရော သွားစရာရောမရှိတော့ဘူး"
ကလေးတွေမုန့်ပူဆာသလို ကိုယ့်ဘက်ကိုယ်ယက်နေတဲ့လိပ်ကလေးကိုကြည့်ရင်း မီးမီးချစ်သဘောတကျပြုံးမိသည်။
"အဲ့တော့ ရှင်လေးကဘာဆက်လုပ်ဖို့စိတ်ကူးထားတာလဲ ပြောပါအုံး"
"ကိုကို့ကိုလက်ထပ်ပြီး တစ်ဘဝလုံးစာရှာကျွေးတော့မယ်"
"ဘုရားရေ မွေးရကျိုးနပ်ထာ"
"တော်တော့စစ်လေး မင်းအဲ့လိုတွေလုပ်ဖို့ထိ ကိုကိုကမထိုက်တန်ပါဘူး"
"မတန်ဘူး မတန်ဘူးနဲ့ ကိုကိုနဲ့မတန်ရအောင်ကျွန်တော့်တန်ဖိုးကအဲ့လောက်နည်းလားဗျာ"
"မင်းကိုပြောတာမဟုတ်ဘူး ကိုကိုကသာအဖိုးမတန်တဲ့သူပါ။ အခုဆို ကိုကိုကလုံးဝကိုအသုံးမဝင်တော့တာ ဘဝမရှိတော့တဲ့လူသာသာပဲ"
"မပြောနဲ့ကိုကို ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော့်အတွက်ကိုကိုက တန်ဖိုးအရှိဆုံးလို့။ ကိုကိုနဲ့မတန်ဖူးပြောရင် ကျွန်တော်ကအမှိုက်လိုကောင်ပဲ"
"စစ်လေး"
လက်ဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်လို့ မျက်နှာအပ်လိုက်ပြီး
"ကျွန်တော့်ကိုလက်ထပ်ပါ။ကျွန်တော့်ကိုယုံပေးပါ။ ကိုကိုကျွန်တော်ကိုအားကိုးပါဗျာ"