"သား လှိုင်းလေးမနိုးသေးဘူးလား"
ပြန်မပြောလာပဲ ခေါင်းအသာငြိမ့်ပြလာသူက စိတ်ပင်ပန်းအားယုတ်နေတဲ့ပုံ။
"ဒေါ်ဒေါ် မီးငယ်တို့ ဒေါ်ဒေါ်နဲ့တိုင်ပင်ဖို့ရှိတယ်"
"ဘာကိစ္စများလဲမီးလေး"
"ကိစ္စက လှိုင်းမှာလေ ဒေါ်ဒေါ်သားနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"
"ဘယ်လို"
"တကယ်ပြောတာ ဒေါ်ဒေါ်မယုံရင် ဆရာဝန်ကိုမေး"
"ယုံပါတယ် ဒေါ်ဒေါ်မီးလေးတို့ကိုယုံတယ်။ အံ့သြသွားရုံပါ"
ထို့နောက် သတိမေ့နေသော ဒဏ်ရာတွေနဲ့မျက်နှာနုနုလေးကို အသာယာကိုင်လို့နေပြီး
"ဘယ်လိုတွေတောင် စိတ်ပင်ပန်းနေခဲ့ရမလဲ။ အန်တီမသိခဲ့မိလို့တောင်းပန်ပါတယ်ကွယ်"
"တချိန်ကမှတ်မိခဲ့တဲ့ ကလေးမျက်နှာလေးနဲ့ လူကြီးလေးက စိတ်ဒုက္ခတွေရဲ့သားကောင်ဖြစ်ခဲ့ပြီး မျက်နှာမှာပူပန်မှုအပြည့်နဲ့ပါလား"
"စိတ်ချပါ လှိုင်းအတွက် သူတာဝန်ယူစေရမယ်"
"မလိုဘူးအန်တီ"
"ကိုကိုနိုးတဲ့အထိစောင့်ပါ။ ကိုကိုဖြစ်စေချင်တာကိုပဲကျွန်တော်တို့လုပ်မှာ။
"သူသာတာဝန်ယူခိုင်းဖို့ငြင်းခဲ့ရင် ကျွန်တော်တို့အန်တီသားဆိုတဲ့ကောင်ကိုမလိုဘူး"
"ဒါပေမယ့်အဏ္ဏဝါ အကယ်လို့လှိုင်းကအလိုရှိခဲ့ရင်ရော"
မီးမီးချစ်အပြောကြောင့် စိတ်ဓာတ်ကျဟန်နဲ့ ခေတ္တတိတ်ဆိတ်သွားပြီး
"ကျွန်တော့်ဘက်က တောင်းဆိုရမယ်ဆိုရင်တောင် တောင်းဆိုပါ့မယ်"
"ငြင်းလို့ကတော့အဲ့အကောင်ကိုအသေသတ်မှာနော်"
"အဲ့အတွက်အန်တီတာဝန်ယူပါ့မယ်။ သားပြောသလို လှိုင်းဆုံးဖြတ်ချက်ကို အန်တီလည်းလက်ခံမှာပါ"
မီးမီးချစ်အဏ္ဏဝါအားကြည့်နေရင်း တစ်ဖက်သတ်အချစ်ရဲ့ အင်းအားအပေါ်မခံစားနိုင်လို့ အခန်းပြင်သို့ထွက်လာခဲ့သည်။
* * * * * * * * * * * * * *