Part-43

3.2K 84 0
                                    

"မောင်"

ပြန်ရောက်တည်းက ကလေးနှစ်ယောက်နဲ့အခန်းထဲဝင်သွားသူ။ အပြင်မှာဖုန်းပြောပြီးလို့ဝင်လာကာခေါ်လိုက်တော့ သုံးယောက်သားပင်ပန်းနေလို့ထင်တယ်။ သူ့ရင်ဘက်ပေါ်ကလေးနှစ်ယောက်ကမှောက်လျက်သားတက်လို့ အိပ်ပျော်နေကြသည်။

"Bossကတော်"

"ဟုတ်"

"ဆရာဝန်ရောက်လာပြီ"

"ဪ အင်းသိပြီ နှိုးပြီးလွှတ်လိုက်မယ်နော်"

ချက်ချင်းမနှိုးရက်လို့ အပေါ်က ကလေးတစ်ယောက်ကိုဆွဲခေါ်လိုက်တော့ သူပါနိုးလာတယ်။

"လှိုင်းငယ်"

"နိုးရင်လည်းထ ဒဏ်ရာတွေပတ်တီးသစ်လဲရမယ်ဆို"

"ကလေးတွေအိပ်နေတာကို နိုးကုန်ပါပြီခင်ဗျားရယ်"

"ရတယ် ငါပြန်သိပ်လိုက်မယ်။ မင်းကသွားတော့ အိပ်ချင်လည်းပြီးမှပြန်အိပ်"

မထတဲ့အပြင် ကိုယ့်ပါပြန်ဆွဲချလို့ဖက်ကာအိပ်ဖို့ပြင်နေသူကို မနည်းထခိုင်းရပြန်တယ်။ အခန်းပြင်မနည်းတွန်းပို့ပြီး အိပ်ရေးမဝလို့ဂျီကျနေတဲ့အမြွှာပေါက်စတို့ကိုပြန်ချော့နေရသည်။

နာရီဝက်ကြာတော့ကလေးတွေအိပ်ပျော်သွားလို့ သူ့ရှိရာအခန်းထဲသွားလိုက်၏။ ဆေးထည့်ပြီးလို့ပတ်တီးသစ်စစည်းနေပြီး ကိုယ်ဝင်လာတော့ဒေါက်တာကိုခေါင်းခါပြနေလေရဲ့။

"ပြီးသွားပြီလားဒေါက်တာ"

"ပြီးပါပြီဗျ"

"တစ်ချက်လောက်ဂရုစိုက်ဖို့မှာပေးပါအုံး ဒီကောင်ကသူ့သဘောနဲ့သူဆိုလုပ်ချင်တာလုပ်တတ်လို့"

"မင်းဆက်"

အံကြိတ်သံနဲ့ မျက်စပစ်လို့ဟန့်တားလာတယ်။ သူအဲ့လိုပုံနဲ့ဆက်ဆံတဲ့သူရှိသေးတာလား။ သေချာကြည့်မှဒီဆရာဝန်ကငယ်မယ့်ပုံနဲ့ တစ်ခါမှတော့မမြင်ဖူးဘူး။

"အကို့ကြည့်ရတာအံ့သြနေပုံပဲ ဒီကောင်မပြောတော့လဲ ကိုယ့်ဟာကိုပဲမိတ်ဆက်ပါ့မယ်"

"ကျွန်တော့်နာမည်ကတော်ဝင်မင်းဆက် မာန်ရိပ်ရဲ့သူငယ်ချင်း"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now