ကိုဝဿန်ဦးနဲ့ သူက ကျောင်းတုန်းကသူငယ်ချင်းတွေဆိုတာ သိလိုက်ရတယ်။ လုပ်ချင်သလိုလုပ်နေပုံကြည့်ရတာ သူ့မိဘတွေက အတော်လေးချမ်းသာကြွယ်ဝတဲ့ထဲပါလောက်မယ်။ တစ်နေ့လုံးလည်း သူ့အခန်းထဲ သူ့ဘေးမှာထိုင်ကာ ခိုင်းသမျှလုပ်နေရသည်။
"ဒေါက် ဒေါက် ဒေါက်"
"မြင်ရတာကို ခေါက်နေသေးတယ် ဝင်လာလိုက်ပါလား"
"ဂျာကြီးတို့ကရော မြင်နေရတာကို ဘာကိစ္စလက်အောက်ဝန်ထမ်းကို မဖွယ်မရာတွေလုပ်နေတာလဲ"
"ဘာလုပ်လို့လဲ"
"ကိုယ်လုပ်တာကိုသိ ဒီမှာကော်ဖီ မသောက်ဖူးတာတွေသောက်လို့"
"နေ နေမချနဲ့"
"ကိုယ့်ရဲ့လှိုင်းလေး ကော်ဖီခွက်လေးကိုယ့်ဆီ ယူခဲ့ပေးပါအုံး"
ဝဿန်ဦးမှာ အဓိပ္ပာယ်မရှိတာတွေ လုပ်နေသောသူကိုကြည့်ပြီး ဆက်မနေနိုင်တော့လို့ လက်ဖျားခါပြကာထွက်လာခဲ့လိုက်သည်။
"အ့ အား လှိုင်းရေ နာလိုက်တာကွာ"
"ဆော ဆောရီး"
"အား လှိုင်း ပူကုန်ပြီလို့"
"ဆော ဆောရီးပါဗျာ မန်နေဂျာကြီးခြေထောက်ရှိနေတာမမြင်လိုက်လို့ပါ"
မှော်ဝင်တေးမှာ ဦးစွာခြေထောက်အနင်းခံရပြီး နာကာအော်တော့ လန့်သွားသူက ကော်ဖီပူပူအား ကိုယ့််ပေါ်ကို လောင်းချလေရဲ့။ နာတာနဲ့ ပူတာကအတော်ဆိုးသော်လည်း ပေါင်ကြားထဲကနေ လက်ကိုင်ပဝါနဲ့ စိုးရိမ်တကြီးသုတ်ပေးနေသူကြောင့် အသာငြိမ်နေလိုက်သည်။
"ပြန်တော့မလို့လား စောင့်ပါကွ ကိုယ်လိုက်ပို့မယ်"
"ရတယ်မပို့ပါနဲ့ မန်နေဂျာကြီး"
"ဘယ်လို မန်နေဂျာကြီးလဲ မရင်းမနှီးနဲ့"
"မဟုတ်လို့ ဘယ်လိုခေါ်ရမှာလဲ"
"တော်ပြီပေါ့ကိုကိုဆို"
"ဟာဗျာ"
"ခဏနေအုံးလေ လှိုင်းရေ အ့ အား"
ပြောနေကြရင်း ဓာတ်လှေကားထဲဝင်သွားသူနောက် လိုက်ဝင်ရာ ကိုယ်မရောက်ခင်တံခါးနှိပ်ကာပိတ်လိုက်သူကြောင့် အတင်းဝင်တော့ ကံကောင်းစွာ အမြန်ဝင်လိုက်သည်မို့ လက်လေးသာညပ်သွားသည်။