"Bossမယားပါလား ဘာလိုချင်လို့လဲ"
"ဘာမယားလဲ။ အဲ့လူရော"
"အလုပ်ကိစ္စနဲ့ အပြင်သွားပါတယ်"
"ကြာမှာလား"
"မပြောတတ်ပါဘူး"
"အင်းးးးးး"
"ဘယ်ကိုသွားမလို့လဲ Bossမယား"
ခေါင်းတဆက်ဆက်ငြိမ့်လို့ အိမ်အပြင်ထွက်သွားသူအား လှမ်းအော်ကာပြေးလိုက်ရသည်။
"အဝေးကြီးမဟုတ်ပါဘူး ပျင်းလို့စာအုပ်လေးသွားဝယ်ချင်လို့ ချက်ချင်းပြန်ခဲ့မယ် ဟုတ်ပြီလား"
"မရဘူး ဘယ်မှမသွားဖို့ပြောထားပါတယ်"
"မကြာပါဘူးဆိုဗျာ"
"စိတ်မရှိပါနဲ့ Bossမယား အိမ်ထဲပြန်ဝင်ပါ"
"ရွှတ် ဟင့်မင်းလေ မင်းပဲစဥ်းသားကြည့်ပါဟာ။ ဟင့်ငါ ငါတစ်ယောက်တည်းအထီးကျန်ပြီး ပျင်းလို့သေတော့မယ်"
"အီးဟီး ငါဘဝကြီးက ဆိုးပါရောလားဟင့်ဟီး"
"မ မငိုပါနဲ့ ကျွန်တော်တို့လည်ပင်းပြတ်လိမ့်မယ်။ ကျွန်တော်တို့လည်းကြောက်လို့ပါ စကားနားထောင်ပါနော်"
"အီးငါမကြာဘူးလေ အမြန်ပြန်လာမှာပါ။ ငါဒူးထောက်ပြီးတောင်းပန်ပါတယ်ကွာ ခဏလေးသွားပါရစေ"
"မလုပ်ပါနဲ့ ကျွန်တော်လည်း ဒူးထောက်ပြီးလက်အုပ်ချီးပြီးတောင် တောင်းပန်ပါတယ် ပြောသလိုလေးနေပေးပါ"
ဂိုဒေါင်တွင်းမှလူသုံးယောက်မှာ ပိုကာဆွဲနေရာမှအပြင်ကအသံတွေကြောင့် သေနတ်ဆွဲလို့ပြေးထွက်လာကြသည်။ ထင်ထားသလိုမဟုတ်ဘဲ Bossရဲ့အသည်းကျော်နဲ့ ကတုံးတို့မှာမြေကြီးပေါ် မျက်နှာချင်းဆိုင်ဒူးထောက်ပြီး အပြိုင်ဆိုင်ငိုနေကြ၏။
"ကတုံးမင်းဘာလုပ်လိုက်တာလဲ အသတ်ခံချင်လို့လား"
"ကျွန်တော်ဘာမှမလုပ်ရပါဘူးအကိုကြီးရယ် ကယ်ပါအုံးဗျာ"
"Bossမယားလေး ဘာဖြစ်လို့လဲ"
"အီးဟီး ဟင့်လူတစ်ယောက်ကို အတင်းအကြပ်ချုပ်နှောင်ထားတာကို ဝမ်းနည်းတာပေါ့။ ဒီနားလေးခဏလေးသွားမှာပါ မကြာစေရပါဘူး သွားပါရစေနော်အီးဟီး"