တည်းခိုနေရာအိမ်အတွင်း အိပ်ယာမဝင်ခင် ရေချိုးရာမှထွက်လာသည်။ သပတ်တစ်ထည်သာပတ်ထားလို့ တောင့်တင်းသောရင်အုံမှ ကြွက်သားအမြောင်းလိုက်ရှိသည့်ဝမ်းဗိုက်ဆီ ရေစက်အနည်းငယ်တို့စီးဆင်းနေသည်။
လက်ထဲကသပတ်နဲ့ မေးရိုးထင်းထင်းနဲ့ နှာခေါင်းထိပ်တို့တွင်တွဲခိုနေသောရေစက်တို့အား သုတ်လိုက်ပြီး ပုခုံးထက်တင်ထား၏။ ကုတင်ပေါ်ပစ်ထားသောဖုန်းဆီမှ အသံမြည်လာတာကြောင့်ယူကာနှိပ်၍ ကုတင်ထက်ထိုင်ကာပြောနေသည်။
"ကျွန်တော်တို့ပါBoss"
"ဘာကိစ္စလဲ"
"ဟိုလေBoss နေ့လည်က Bossကတော်ဒီကိုလာသွားတယ်"
"ဘာကွ"
"ဟုတ် ဟုတ် ဟုတ်ပါတယ်Boss။ Bossနဲ့အရေးတကြီးတွေ့ပြီးပြောစရာရှိတယ်လို့ပြောသွားပါတယ်"
"အဲ့စောက်ကြောင်းကအရေးကြီးတာလား ဟမ်"
"ငါ့နေရာကို အပြင်လူကအေးဆေးလာသွားတာကို အသက်ရှင်လျက်မင်းတို့ကပြန်လွှတ်လိုက်တယ်ပေါ့"
"Bossအဲ့ဒါက Bossရဲ့မယားလေ"
"-ီးကိုငါ့မယား။ သူ့နဲ့ဘယ်သူတွေပါလာသေးလဲ ဟမ်။ အကုန်မင်းတို့ကြည့်ရှင်းရင်ရှင်း"
"မဟုတ်ရင်ငါကိုယ်တိုင်ရှင်းပစ်လိုက်မယ် တောက်စ်"
ဖုန်းချလိုက်ပြီးလက်ထဲမှဖုန်းကိုပစ်ပေါက်လိုက်ပြီး အခန်းတွင်းရှိတွေ့သမျှအရာတွေကိုလည်းရိုက်ခွဲလေတော့သည်။
တစ်ဖက်တွင်တော့ချသွားခံရသောဖုန်းအားဝိုင်းကာကြည့်နေကြရင်း
"ငါတို့ဘယ်လိုလုပ်ကြမလဲ"
"Bossအခုပြောသွားတာတွေကိုတော့ ငါပြန်မပြောနိုင်ဘူး"
"ငါတို့ကရောဘယ်လိုပြောရမှာလဲကွ"
"ကြည့်ရတာအခု သစ္စာဖောက်ဆိုပြီးမယုံတော့ဘူးထင်တယ်"
"မဟုတ်မှ မုန်းများသွားတာလား"
"အဲ့လိုဆိုရင်တောင်Bossကတော်လေးကိုသတ်ဖို့တော့ ငါမလုပ်နိုင်ဘူး"
"သူပြန်လာလို့အပြစ်ပေးလည်းခံရမှာပဲ။ ငါတော့Bossမယားလေးကိုယုံတယ်"