Part 1 ( Z + U )

56K 1.4K 29
                                    

Zawgyi

ခမ်းနားလှသောညစာစားပွဲတစ်ခုတွင် ဧည့်ပရိသတ်လူများကြားထဲ ပုရိဿအပေါင်းတို့သာမက အမျိုးသမီးများပါမကျန် သမင်လည်ပြန်လှည့်ကြည့်ရသော တစ်ဦးတည်းသောအမျိုးသမီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ကိုယ်တိုင် ဖိတ်ကြားခြင်းခံရသော သူမ

ညစာစားပွဲသို့တက်ရောက်လာသောသူမမှာ အခြားသောအမျိုးသမီးများမတူ သူမ၏အလှသည် အများနှင့်ကွဲထွက်လို့နေသည်။

ရွှေလွန်းလိပ်ပြာပိုးထည်အပြာနုရောင်ဝမ်းဆက်ဝတ်ဆင်ထားပြီး ဦးခေါင်းထပ်တွင်လည်းဆံထုံးကိုသေသပ်စွာထုံးဖွဲ့ထားသည်။

ပိတုန်းရောင်ဆံကောသာထက်တွင်လည်း ရွှေဆံထိုးလဲဆင်မြန်းထားလေသည်။

သူမသည် တစ်ခြားသူမဟုတ် မြန်မာနိုင်ငံတွင်သာမက အာရှနိုင်ငံအထိပါ အောင်မြင်မှုရနေသော Reva ဖိနပ် company ၏ ဥက္ကဌ တစ်ယောက်ဖြစ်သည့်အပြင် ကြယ်ငါးပွင့် Premium Hotel နှင့် Shopping Mall  အပြင် 7 Eleven Convenience
Store များအား ဘန်ဘောက်မှ လုပ်ငန်းရှင်ပါတနာများနှင့် ဆက်တူဖွင့်လှစ်ထားပြီး ရန်ကုန် မန္တလေး နေပြည်တော် တစ်ဝိုက် ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိသေးသည်။

ထို့ အပြင် သူမသည် မြန်မာနိုင်ငံစီးပွါးရေးလုပ်ငန်းရှင်အသင်းကြီး၏ ဥက္ကဌ တစ်ဦးလဲဖြစ်သည်။

Reva ဖိနပ် company ဟုပြောလိုက်လျှင် ဒေါ်မေဘရဏီ ကိုမျက်လုံးထဲတွင်ပြေးမြင်ကြသည်။

"ဘရဏီတို့များ တစ်နေ့တစ်ခြားလှလာတယ်နော်"

ထိုသူမှာတစ်ခြားသူမဟုတ် ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူဖြစ်သည်။

"ထင်လို့ပါ အစ်မလှိုင်ရယ်"

"အထင်မဟုတ်ဘူး ဘရဏီရေ ယူ ပွဲထဲဝင်လာထဲက ယောင်္ကျားသားတိုင်းရဲ့ အကြည့်တွေက ယူ့ဆီမှာကြီးဘဲ"

"ခ်ခ် ..... အစ်မလှိုင်တို့ကတော့ ပြောတော့မယ်"

"တို့တွေ ဘယ်အချိန်များစားရမလဲ ဘရဏီ"

"တော်ပါပြီ အစ်မလှိုင်ရယ် အဲ့ဒါတွေစိတ်မဝင်စားပါဘူး"

"အပျိုကြီး အချစ်နဲ့ မတွေ့သေးလို့ပါ"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Où les histoires vivent. Découvrez maintenant