Part 5 ( Z + U )

18.1K 848 13
                                    

Zawgyi

ယနေ့သည် ရွှေ တစ်ယောက် သူမဌားနေသည့်အိမ်အား ပိုင်ရှင်ထံပြန်အပ်ပြီး အလုပ်မှပေးသည့် အဆောင်ပြောင်းနေရတော့မည်။

ဘာကြောင့်မှန်းမသိ ဒီနေ့မှ အန်တီ့ကို ပိုပြီးသတိရနေမိသည်။

ဖုန်းခေါ်ချင်ပေမယ့် အန်တီ အလုပ်ရှုပ်နေလိမ့်မည်ဟုထင်သောကြောင့် ဖုန်းမခေါ်မိပေ။

တစ်ဖက်တွင်လဲ ဘရဏီတစ်ယောက် အနှီပေါက်မလေးအားတွေးနေမိသည်။

ပုပုလုံးလုံး အရပ် ၅ပေ၂လက်မ လောက်သာရှိသော ထိုအနှီပေါက်မလေးသည် တစ်ခြားသော ကလေးငယ်များနှင့်မတူ ချစ်စဖွယ်ကောင်းသည်။

သူမ၏ အတွေးများကို ဖျောက်ကာ ဖုန်းအားကိုင်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။

ထိုသူမှာတစ်ခြားသူမဟုတ် အတွင်းရေးမှုး မေလရောင် ပင်။

"လရောင် မမ ကို ရွှေသုန္ဒရီ အကြောင်းစုံစမ်းပေးပါ"

"ဟုတ်ကဲ့ပါ မမ"

ထို့နောက် ဘရဏီ တစ်ယောက်မှန်ကြည့်ပြီး ပြုံးလိုက်ကာ

"ကလေးရေ တို့တော့မင်းရဲ့ပုံစံလေးကိုချစ်မိသွားပြီကွာ"

ထို့နောက် ဘရဏီ တစ်ယောက် အလုပ်သို့သွားရန် အောက်ထပ်သို့ဆင်းလာလေသည်။

"သမီး မနက်စာစားတော့မလား"

"ဟုတ်ကဲ့ ကြီးကြီးဝင်း"

"ဒီနေ့တော့ သမီးကြိုက်တဲ့ရွှေတောင်ခေါက်ဆွဲလေး ကြီးကြီးကိုယ်တိုင်လုပ်ထားတယ်"

"ဒါကြောင့် အရဿာတစ်အားကောင်းနေတယ် ကြီးကြီးဝင်း က အကောင်းဆုံးဘဲ"

"ဟုတ်ပါပြီ ဝ အောင်စားနော်"

"ဟုတ်ကဲ့"

ရွှေတောင်ခေါက်ဆွဲသည် ဘရဏီအကြိုက်ဆုံးသော အစားအစာတစ်ခုဖြစ်သည်။

ပါးစပ်ထဲ ပလုတ်ပလောင်း စားနေသော ဒေါ်မေဘရဏီ အား
အိမ်တော်ထိန်း ဒေါ်ဝင်း မှာ ပြုံးပြီးကြည့်နေသည်။

"ကြီးကြီးဝင်း ဘရဏီအလုပ်သွားတော့မယ်"

"ဂရုစိုက်သွားနော် သမီး"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now