Part 6 ( Z + U )

17.7K 872 18
                                    

Zawgyi

လရောင်တစ်ယောက် သူမအားမေ့ပျောက်နိုင်ရန် အရက်ကို အတော်လေးသောက်လိုက်မိသည်။

မနက်နိုးလာသည်နှင့် ညက အရှိန်ကြောင့်ခေါင်းသည်လဲအတော်ကိုက်နေသည်။

၅ နှစ်ပါ။ ၅ နှစ်ဆိုသည့်အချိန်ကာလတစ်ခုတွင် သူမအားမေ့ပျောက်ရန်ကြိုးစားခဲ့သည်။ သို့ပေမယ့် နှလုံးသားကမေ့ပျောက်ရန် လက်မခံခဲ့ပေ။

သူမရှိခဲ့သောအငွေ့အသက် သူမရဲ့ကျန်ရှိခဲ့သော အဝတ်အစားများ သူမ၏ ရယ်သံများ သူမ၏ လှုပ်ရှားသံများကို ပြင်မြင်ယောင်မိပြီး မျက်ဝန်းမှမျက်ရည်များ ဝေ့တက်လာသည်။

ထို့နောက် သူမ အိပ်ခန်းထဲသို့ ဝင်ရောက်လာပြီး အိပ်ယာဘေးရှိ မှန်တင်ခုံမှ အံ့ဆွဲလေးအားဖွင့်လိုက်သည်။

ထိုအံ့ဆွဲလေးထဲမှာတော့ ၅ နှစ်တိတိသိမ်းထားခဲ့သည့် လူကိုယ်တိုင်ရောက်လာခြင်းမရှိတဲ့ စာလွှာလေးတစ်စောင် ထိုစာလွှာလေးကို သူမနောက်တစ်ကြိမ်ထပ်ဖတ်မိလေသည်။

ရက်စက်လိုက်လေခြင်း လုပ်ရက်လိုက်လေခြင်း
သူမဘယ်လောက်ထိရက်စက်ခဲ့သလဲဆို
ဘယ်ဘက်လက်ကောက်ဝတ်က ပြတ်ရှရာလေးမှာ
သက်သေပင်။

ထိုစာလွှာလေးကိုလက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး
ဘယ်သူမှမရှိသော တိုက်ခန်းတစ်ခု၏ အခန်းငယ်လေး အတွင်းထဲမှာတော့ အမျိုးသမီးငယ်လေးတစ်ယောက် ငိုကြွေးလို့နေသည်။

ဘရဏီ တစ်ယောက် သူမ၏ Laptop ပေါ်ရှိ CCTV အား ဟိုရွှေ့ဒီရွှေ့ကြည့်နေလေသည်။

အကြောင်းမှာ ပေါက်စလေး ၏ မျက်နှာအားအလွမ်းပြေစေရန် အတွက် မိုးလင်းထဲက တက်ကြွနေသည်။

တွေ့ပါပြီ ကလေးလေး ဆိုင်ထဲကို နားကြပ်ကလေးတပ်ပြီး
ဝင်လာသည်။

ငွေရှင်းကောင်တာမှာဈေးရောင်းပုံတွေ customer တွေကို service ပေးပုံလေးတွေ မမှီတဲ့ပစ္စည်းတွေကို ခုန်ပြီးလှမ်းယူပုံတွေ ဘရဏီ့အတွက် ချစ်စဖွယ်ကောင်းလွန်းသည်။

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

"သမီးလေး ကြီးကြီးဈေးသွားမလို့ ဘာမှာချင်သေးလဲ"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now