Part 37 ( Z + U )

13.7K 711 21
                                    

Zawgyi
သရဖီ နွယ့် ထံမှဖုန်းရပြီးနောက် ဘရဏီ့ ထံသို့အပြေးသွားလေသည်။ သရဖီ ဖုန်းဆက်သော်လဲ ဘရဏီ မကိုင်ပေ။ သရဖီ ကားအားအရှိန်တင်ကာ ဘရဏီ့ အိမ်သို့မောင်းနှင်လာသည်။

ခြံထဲရှိဆင်ဝင်အောက်တွင်ရပ်ကာ အိမ်ထဲသို့အပြေးသွားလေသည်။ လရောင်မှ တွေ့ပြီး ဘရဏီ့ အားလက်ကုပ်လိုက်ရာ

"ဘာဖြစ်လာတာလဲ သရဖီ!"

"အန် အန်တီ ရွှေ ရွှေသုန္ဒရီ"

"ရွှေသုန္ဒရီ ဘာဖြစ်လို့လဲ"

ထိုအခါမှလရောင်သည် သူ၏ ဖုန်းအားယူကြည့်ရာ နွယ် နှင့် သရဖီ၏ ဖုန်းအဝင်ကော ၅၀ နီးပါးအားတွေ့လိုက်ရသည်။

"အန် အန်တီနွယ်"

"မ! မ ဘာဖြစ်လို့လဲ"

"မဟုတ် မဟုတ်ဘူး အန်တီနွယ် သရဖီ့ ဆီကိုဖုန်းဆက်တယ် ရွှေသုန္ဒရီ့ ကို လူနှစ်ယောက်ဖမ်းခေါ်သွားတယ်တဲ့"

"ဘာ!!!"

သရဖီ နှင့် ရှေ့ဆင့်နောက်ဆင့်ပင် နွယ် ဝင်လာသည်။ နွယ့်ပုံစံသည် ဖရိုဖရဲဖြစ်နေလေသည်။

"မဏီ! ရွှေသုန္ဒရီ ကို ကောင်လေးနှစ်ယောက်ဖမ်းခေါ်သွားတာတယ်"

"မ! မ ဘာဖြစ်သွားသေးလဲ"

"မ ဘာမှမဖြစ်ဘူး ငယ်"

"ရွှေသုန္ဒရီ အနောက်ကိုလိုက်ရမယ်"

နွယ့် အပြောကြောင့် သရဖီ စဉ်းစားနေမိသည်။ ကောင်လေးနှစ်ယောက်ဟု ပြောသောကြောင့် ဖုန်းထဲရှိ ရိုက်ထားသော ပုံအား နွယ့်ကို ပြလိုက်ရာ

"ဟုတ်တယ် သူတို့နှစ်ယောက်ဘဲ သူတို့နှစ်ယောက် ရွှေသုန္ဒရီ ကိုခေါ်သွားကြတာ"

ဘရဏီ အလျင်အမြန်ပင် သရဖီ့ ဖုန်းအားဆွဲယူလိုက်လေသည်။ ပုံအားကြည့်လိုက်ရာ လင်းယာ နှင့် ဟိန်းထက်အောင် ။ သူမကိုယ်တိုင် ဩစေတ်းလ် ကိုပို့ခဲ့တာ ဘယ်လိုပြန်ရောက်လာပါလိမ့်။

ပုံအားထပ်မံ၍ ကြည့်လိုက်ရာ ဦးကျော်သီဟ လဲပါနေသည်။ ဘရဏီ သဘောပေါက်သည် ဦးကျော်သီဟ ခေါ်ထုတ်လာသည် ဆိုတာ။

လရောင် အလျှင်အမြန်ပင် လက်တော့အားဖွင့်ကာ ရွှေသုန္ဒရီ တည်နေရာအားရှာဖွေလေသည်။ တော်သေးသည် ရွှေသုန္ဒရီ မွေးနေ့တုန်းက လက်ဆောင်ပေးခဲ့သော နာရီတွင် GPS တပ်ထားသောကြောင့် အလွယ်တကူ ရှာဖွေနိုင်သည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Donde viven las historias. Descúbrelo ahora