Part 2 ( Z + U )

22.3K 1K 27
                                    

Zawgyi

အစည်းအဝေးခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဘရဏီ တစ်ယောက်ရောက်ရှိလို့လာခဲ့သည်။

သူမဝင်လာသည်နှင့် ရှယ်ယာအဖွဲ့ဝင်များ၏ မတ်တပ်ရပ်ကြိုဆိုခြင်းကိုလဲ သူမ ခံယူရသည်။ ဤသည်မှာ ရှယ်ယာအဖွဲ့ဝင်များ၏ တစ်လေးတစ်စား ရိုသေခံရခြင်းဖြစ်သည်။

ပထမဦးဆုံးစတင်သည့် အစည်းအဝေးပွဲမှာ Reva ဖိနပ်၏ အသစ်ထပ်မံထုတ်လုပ်မည့် ဒီဇိုင်းအသစ်အတွက် ခေါ်ယူသော အစည်းအဝေးဖြစ်သည်။

ရှယ်ယာအဖွဲ့ဝင်များ၏ အကြံပြုချက်များ ဒီဇိုင်းအသစ်အတွက် ပစ္စည်းအသစ်များ ထုတ်ပိုးမှုပုံစံများကို တည်ငြိမ်စွာနားထောင်နေသော သူမ သည် အစည်းအဝေးခန်းမထဲတွင်
တောက်ပလို့နေသည်။

Reva ဖိနပ် အစည်းအဝေးပြီးသောအခါ တစ်ခြား လုပ်ငန်းများ၏ သက်ဆိုင်ရာ မန်နေဂျာများနှင့် အဖွဲ့ဝင်များ ထပ်မံရောက်ရှိလို့လာသည်။

Premium Hotel / Shopping Mall နှင့် 7 Eleven Store အတွက် ကုန်ပစ္စည်းတင်သွင်းဖို့ ဆိုင်ခန်းထပ်မံတိုးချဲ့မှု နှင့် ဝန်ထမ်းအသစ် ထပ်မံခေါ်ယူဖို့ စသောဆွေးနွေးမှုများ ကို ဒေါ်မေဘရဏီ တစ်ယောက် နေ့မကူးဘဲ တစ်ဆက်ထဲ လုပ်ကိုင်ခဲ့သည်။

ဤ သည်မှာ ဒေါ်မေဘရဏီဖြစ်သည်။ သူမ တစ်ယောက်သာလျှင် ယခုလို လုပ်နိုင်သည်။

လုပ်ငန်းလေးခု၏ အစည်းအဝေး အားတစ်ရက်ထဲ ခေါ်ယူခဲ့သည့်အတွက် အတော်ပင်ပန်းသွားခဲ့သည်။

အစည်းအဝေးခန်းမထဲတွင် သူမ တစ်ယောက်ထဲ နာရီဝက်ကြာအောင် ခတ္တအနားယူရင်း အတွင်းရေးမှုး
မေလရောင်တစ်ယောက် အစည်းအဝေးခန်းမ ထဲသို့
ချွေးတစ်ရွှဲရွှဲဖြင့် ဝရုန်းသုန်းကားပြေး ဝင်လာတော့သည်။

"လရောင် ဘာဖြစ်လာတာလဲ ချွေးတွေလား ရေတွေလား"

"မမ ပြဿနာတက်နေလို့"

"ဟမ် ဘာပြဿနာတက်တာလဲ ဘာဖြစ်လာလို့လဲ"

"မဟုတ်ဘူး လရောင် ဗိုက်.... ဗိုက်နာနေလို့
Toilet က ဝန်ထမ်းတွေပြည့်နေလို့ ဒီထဲလာတာ"

"ဟောတော့ ငါ့မှာ အလန့်တစ်ကြား သွား မြန်မြန်"

"ဟုတ် ဟုတ်ကဲ့"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now