Part 23 ( Z + U )

14.4K 704 14
                                    

Zawgyi

လမ်းထိပ်တစ်နေရာတွင် တစ်စုံတစ်ယောက်အား မြင်လိုက်ရသောကြောင့် ဘရဏီ မျက်မှောင်ကြုံ့လိုက်လေသည်။

ထိုသူသည်ကား သရဖီ ပင်။သူမ၏ ကားအားရပ်ထားပြီး ကျောပေးကာမှီထားလေသည်။

သရဖီ၏ အရပ်သည် 5'9" ရှိပြီး ပိန်ပန်ပါးပါး ခန္တာကိုယ်ရှိပြီး နှာတံချွန်ချွန် အသည်းပုံနှုတ်ခမ်းနဲ့ ဖြူဝင်းသော အသားအရည်ပိုင်ဆိုင်သည်။ သရဖီ သည် အတော်လှသည့် မိန်းကလေးများထဲ တစ်ဦး အပါအဝင်ဖြစ်သည်။

ယောင်္ကျားလေးသာမက မိန်းကလေးများလဲစိတ်ဝင်စားသည့် သူတစ်ယောက်ဖြစ်သည်။Reva ရုံးရှိ ဝန်ထမ်းကောင်မလေးများသည်လဲ သရဖီ အနားသို့ အလုအယက်ကပ်ကြသည်မှာ ဘရဏီ လဲ သိလေသည်။

ဘရဏီ ကားအားလှမ်းတွေ့လိုက်သည်နှင့် သရဖီ သည်အရှေ့မှပိတ်ရပ်လိုက်သောကြောင့် ဘရဏီ ကားဘရိတ်အား အလျှင်အမြန်နင်းလိုက်ရသည်။

"အန်တီ လန့်သွားလားဟင် သရဖီ တောင်းပန်ပါတယ်"

"မင်း! ဘယ်လိုလုပ်လိုက်တာလဲ တိုက်ရင်သေတတ်တယ်ကွ နွားလှည်းမဟုတ်ဘူး"

"သရဖီ ထပ်ပြီးတောင်းပန်ပါတယ်နော် သရဖီလေဒီနားက ဦးလေးအိမ်လာတာပါ ရုံးသွားဖို့လုပ်တော့ ကားပျက်နေတာနဲ့လေ ကားဌားဖို့လုပ်ရင်း အန်တီ့ ကားကိုတွေ့တော့ ပျော်ပြီး အရှေ့မှာ ရပ်လိုက်မိတာ သရဖီ တောင်းပန်ပါတယ်နော်"

ဘရဏီ ရန်တွေ့မည်အလုပ် မျက်နှာငယ်လေးဖြင့်တောင်းပန်နေသော သရဖီကိုတွေ့လိုက်ရသောကြောင့် ပြောစရာစကားများပျောက်ရှကုန်လေသည်။

"ထားပါတော့ မင်း အခု ရုံးသွားမယ်မဟုတ်လား နောက်ကျနေမယ်"

"ဟို ဟိုလေ အန်တီ"

"ပြော"

"အန်တီလဲ အခုရုံးသွားမှာမဟုတ်လား သရဖီ လဲ လိုက်ခဲ့မယ်လေနော်"

ဘရဏီတစ်ချက်တွေဝေသွားသည်။သူမအားထားခဲ့လျှင်လဲ ဒီသူဌေး ဝန်ထမ်းကို မတူသလို ဆက်ဆံသည်ဟု အထင်လွဲခံရနိုင်သည်။

သရဖီကိုတွေ့လျှင် ရွှေသုန္ဒရီ မျက်နှာအားပြန်မြင်ယောင်မိသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now