Part 26 ( Z + U )

13.9K 697 15
                                    

Zawgyi

လရောင် ခေါင်းတစ်ဆစ်ဆစ်ဖြင့်အိပ်ယာမှ နိုးလာသည်။ညက အတော်သောက်တာ များသွားသည်ဟုထင်သည်။ အိမ်ကိုဘယ်လိုပြန်ရောက်လာလဲမသိ။

လေးလံနေသောမျက်လုံးများအားတစ်ဖြေးဖြေးဖွင့်ရင်း သူမအိမ် မဟုတ်မှန်းသိလေသည်။ ဘေးဘီသို့ဝေ့ကြည့်လိုက်ရာမှ ပိုမှန်သွားလေသည်။

လရောင် သည် ဧည့်ခန်းရှိ ဆိုဖာကြီးပေါ်တွင် ပက်လက်အိပ်နေသည်။ သူမ၏ ဘေးနားတွင် ငုတ်တုတ်လေးထိုင်ကာ Snickers ချောကလတ်အား တစ်ဂျွတ်ဂျွတ်ဝါးနေသည့် ရွှေသုန္ဒရီ ။

"ဟင်!!!"

"မမလရောင် နိုးပြီလား"

"အမ်! အင်း.. ဒါနဲ့ ဒီကိုဘယ်လိုရောက်လာတာလဲ"

"မမလရောင်ညကအရမ်းမူးနေတာလေ မာမီနဲ့ အန်တီလှလှ ခေါ်လာပေးတာ"

"ဘယ်လို!!!"

လရောင်ဘာမှ မမှတ်မိ။အန်တီလှလှက ဘယ်သူတုန်း။ သူမ လူမှန်းသူမှန်း မသိအောင် မူးသွားသလား။ ထိုစဉ် အသံမကြားရဘဲ လက်အရင်ရောက်လာသည့် ဒေါ်မေဘရဏီ

~ဂေါက်~

"အား!!...သေပါပြီ နာလိုက်တာ"

ကိုက်နေသည့်ခေါင်းတောင်ချက်ချင်းပျောက်သွားပြီ။ဘရဏီ့ လက်သံအတော်ပြောင်သည်။ စီးပွါးရေးသမားလုပ်ရမှာမဟုတ် ကျောင်းဆရာမ လုပ်ရမည်။

"ဘာလို့ခေါက်တာလဲ မမရယ်"

"ခေါင်းခေါက်တာကံကောင်းတယ်မှတ် စိတ်ရှိတဲ့အတိုင်းဆို ခေါင်းကြီးပါ ရိုက်ခွဲလိုက်ချင်တာ"

"ဟင်!!"

"ခိခိခိ"

"မရယ်နဲ့ ဟိုတစ်ယောက်!"

ဘရဏီ သည် ရွှေသုန္ဒရီအားလှမ်းဟောက်လေတော့သည်။ ဘရဏီကတော့ လရောင်အားမျက်မှောင်ကြုံ့လျှက်ကြည့်လေသည်။မေလရောင် ဘာမှနားမလည်တော့ပေ။

ထိုစဉ် အိမ်ပေါ်လှေကားမှ တစ်လှမ်းချင်းဆင်းလာသည့် စိမ်းလဲ့နွယ်။နွယ့်ကိုတွေ့တော့ မေလရောင် ပါးစပ်ဟသွားလေသည်။မ ကဘယ်လိုရောက်လာတာလဲ။

ရွှေသုန္ဒရီကြည့်တော့ ပြုံးစိစိဖြင့် ဘရဏီ သည်လဲ မျက်စောင်းထိုးနေလေသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now