Part 34 🚨 ( Z + U )

24.7K 780 37
                                    

Zawgyi

21+ စာသားများပါဝင်ပါသည်။ သည်းခံပြီးဖတ်ပေးကြပါရှင့်။

"တောက်!!! သရဖီ!!!"

"မဏီ စိတ်ထိန်းပါဦးယူရယ်"

"မထိန်းနိုင်ဘူး နွယ် ဒီကောင်မလေး သိပ်ယုတ်မာသွားပြီ သူ့အဖေအတိုင်းဘဲ တောက်! အောက်တန်းကျလိုက်တာ"

ဘရဏီ ထိုင်ရာမှထကာ ကားသော့အားဆွဲယူကာထွက်မည်အလုပ် လရောင် တားလိုက်လေသည်။

"မေဘရဏီ! ပြန်ထိုင်လိုက်စမ်း!"

ဦးမြင့်ဆွေ၏အသံကြောင့် ဘရဏီ့ ခြေလှမ်းတွေရပ်တန့်သွားလေသည်။ ထိုအိမ်ကြီးထဲတွင် တစ်ချိန်က ဦးမြင့်ဆွေ၏ အာဏာသည်လဲ မခေပါ။

ဘရဏီ ဆိုဖာပေါ်တွင်ပြန်ထိုင်လိုက်လေသည်။ ဦးမြင့်ဆွေ သည် ဟန်မပျက်ပင် ခြေချိတ်ကာ ကော်ဖီ သောက်နေသည်။

"ဒီ ဗီဒီယို ဖိုင်ဘယ်ကရလဲမသိချင်ဘူးလား"

ထိုစကားကြောင့် သုံးယောက်သားမျက်လုံးအဝိုင်းသားဖြင့် ဦးမြင့်ဆွေအား စိုက်ကြည့်လေသည်။ ဟုတ်ရဲ့။ကိုယ့်ဒေါသနဲ့ကိုဖြစ်နေလို့ ထို ဗီဒီယိုဖိုင်အားမမေးကြည့်ပေ။

လရောင်စုံစမ်းတော့ ရဲစခန်းမှ cctv ပျက်နေသည်ဟုဆိုကာ ပြောခဲ့လေသည်။ မှတ်တမ်းမရခဲ့။ ဦးမြင့်ဆွေ ဘယ်ကရသလဲ။

"အမှတ် ၉ စခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ယောက်က တစ်ချိန်က လေးလေးတပည့်ရဲ့ သားလေ ရွှေသုန္ဒရီ ယာဉ်တိုက်မှုဖြစ်ပြီး ချက်ချင်းဘဲ ကျော်သီဟ က စခန်းက လူတွေကို cctv ဖျက်ခိုင်းလိုက်တယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကလေးက cctv file ကိုသူ့ဖုန်းထဲကို ကူးထည့်ထားတယ် အဲ့ဒီနေ့မနက်ပိုင်း cctv ကိုဖျက်ခိုင်းတော့ တစ်ခုခုပြဿနာတစ်စုံတစ်ခု ဖြစ်လာခဲ့ရင် သူလဲသူ့ကိုယ်သူကာကွယ်တဲ့ အနေနဲ့ ကူးယူထားတာပေါ့"

ဦးမြင့်ဆွေ ကော်ဖီ အားဆက်သောက်သည်။

"ပြီးတော့ အဲ့ဒီကလေးက cctv ဖိုင်ကိုသူ့အဖေကိုပြန်ပြတယ် တိုက်တိုက်ဆိုင်ဆိုင် လေးလေးကလဲ အဲ့ဒီနေ့မနက်က အမှတ် ၉ စခန်းနားမှ ယာဉ်တိုက်မှုဖြစ်ခဲ့တာ သက်သေမှတ်တမ်းမရဘူးပြောတော့ လေးလေး တပည့်က အဲ့ဒီ cctv ဖိုင်ပို့ပေးတယ် ဒီဖိုင်ဖြစ်နိုင်မလား အဘ တဲ့ လေးလေး ဖွင့်ကြည့်တော့ ကွက်တိဖြစ်သွားတာပေါ့"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now