Part 39 ( Z + U )

13.8K 685 42
                                    

Zawgyi

"ရှင် ရှင်တို့ ဘယ်သူတွေလဲ သူများအိမ်ထဲ ဘာဝင်လုပ်တာလဲ ဒါပိုင်နက်ကျူးလွန်မှုနော်"

"နွယ်!!"

အသံလာရာအားလှည့်ကြည့်ရာ ထိုလူ။ နွယ် သိမ်မုန်းတဲ့လူ။ နွယ် သိပ်ရွံတဲ့လူ။

"ကို ကိုသီဟ"

"ဟား! ကျော်သီဟတို့ကံကောင်းတယ်ကွာ ရေမီးအစုံနဲ့ဖြည်စား လို့ရပြီ ဟား ဟား ဟား"

နွယ် တုန်လှုံ့မိသည်။ ထိုသူသည် နွယ့် ရှေ့သို့ရောက်ရှိနေသည်။ ယိုင်လဲတော့မည် ခြေတစ်စုံကို အားယူရန် ဘေးရှိ ထိုင်ခုံအား ထိန်းကိုင်လိုက်လေသည်။

"နွယ် ရယ် လှလာလိုက်တာ အရင်ကထက်ပိုလှလာတယ် ၅ နှစ်တောင် ကြာပြီနော် ကိုတို့မတွေ့ရတာ"

"ဟင့်အင်း! မလာနဲ့ မလာနဲ့နော်!"

နွယ်ထံသို့ ခြေလှမ်းတွေလှမ်းလာလေသည်။ နွယ် ကြောက်လန့်တစ်ကြားနောက်ဆုတ်လိုက်ရာ အုတ်နံရံနှင့်ကျော ကပ်မိသွားလေသည်။

"ကို့ကိုတွေတာနဲ့ဘာလို့ဒီလောက်ကြောက်နေရတာလဲ နွယ်ရယ် နွယ့်ကို ကိုယ်လိုက်ရှာနေတာ"

နွယ့်လက်နှစ်ဖက်အား လှမ်းကိုင်လိုက်လေသည်။ နွယ်ရုန်းသော်လဲအရာမထင်။ တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် လက်ကောက်ဝတ်တွေသည် အတော်ပင်နာလှသည်။

"ကျွန်မကိုလွှတ်ပါ ကိုသီဟ!"

"မလွှတ်ဘူး နွယ် ကို နဲ့လိုက်ခဲ့ရမယ်"

"ဟင့်အင်း! မလိုက်ဘူး လွှတ် ကျွန်မကိုလွှတ်!"

"မလိုက်လို့မရဘူးစိမ်းလဲ့နွယ်! မင်းကလွန်ခဲ့တဲ့ ငါးနှစ်ထဲက ငါမိန်းမ ဖြစ်ခဲ့တာ"

ဒီစကားဟာ နွယ်မကြားချင်ဆုံးပင်။ နွယ် ကြောက်ခဲ့သည့် ညတစ်ည။ အားဖြင့်ဆွဲနေသော လက်တစ်စုံကို နွယ်မခုခံနိုင်ပါ။
နွယ် ရုန်းကန်နေသော်လဲ ဦးကျော်သီဟ သည် နွယ့်အား တရွတ်တိုက် ဆွဲခေါ်သွားလေသည်။

လရောင် အိမ်သို့ဖုန်းခေါ်နေသော်လဲ မကိုင်။ နွယ့် ထံသို့ဆက်သော်လဲ မကိုင်ပေ။ လရောင် စိတ်ပူနေသည် ရုံးခန်းထဲတွင် ထိုင်နေသော်လဲ အလုပ်လုပ်ရာတွင် စိတ်မဖြောင့်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now