Part 15 ( Z + U )

15.2K 690 4
                                    

Zawgyi

flash back end .....

ကန်တင်းတွင်သရဖီတို့နှင့်စကားများကြပြီးရွှေသုန္ဒရီတို့သူငယ်ချင်းတစ်စုအတန်းထဲတို့ဝင်လာသည်။သို့သော် လရိပ်ချိုတစ်ယောက်ကတော့ ယခုအချိန်ထိဒေါသမပြေသေး။

ရွှေ - "စိတ်လျှော့ပါလရိပ်ရယ်"

လရိပ် - "မလျှော့နိုင်ဘူး ရွှေ သူဘယ်လိုမျက်နှာနဲ့လာတောင်းပန်တာလဲ သူ့ကြောင့်နင့်ဘဝပျက်မလိုတောင်ဖြစ်ခဲ့ရတာ"

ရွှေစင် - "လရိပ်ပြောတာလဲမှန်တယ် ရွှေ ငါတို့တော့သူတို့အုပ်စုနဲ့အပေါင်းအသင်းမလုပ်နိုင်ဘူး ဘယ်လိုအသိုင်းအဝိုင်းကဘဲဖြစ်နေပါစေ သူတို့ကတစ်ကျောင်းလုံးရဲ့ချဉ်ဖတ်တွေ ငါတို့ပါကြားထဲကရောပြီးလက်ညှိုးထိုးစရာတွေဖြစ်လိမ့်မယ်"

သူရိန် - "ကဲပါ တော်ကြတော့ ကောင်မလေးတို့ တီချယ် ဝင်တော့မယ် စကားမများနဲ့တော့"

ကန်တင်းတွင်ကျန်ခဲ့သော သရဖီတို့အုပ်စုသည်လဲ

သံစဉ် - "သရဖီ ငါနင့်ကိုနားမလည်တော့ဘူး ဘာလို့လဲဟာ"

သရဖီ - "ဟိန်းထက်နဲ့လင်းယာ ငါတို့သုံးယောက် ရွှေသုန္ဒရီ အပေါ်မှားခဲ့ကြတယ်နော် နင်တို့လဲတောင်းပန်ရမယ်လေ"

ဆောင်း - "တောင်းပန်စရာဘာလိုလို့လဲ သရဖီရယ် အဲ့နေ့တုန်းကဆေးရုံမှာ နင်ကိုယ်တိုင်လဲ သူ့အတွက်လိုနေတဲ့သွေးကိုလှူခဲ့တာဘဲမဟုတ်လား"

ရွှေသုန္ဒရီ လက်ကောက်ဝတ်အားမတော်တစ်ဆ လှီးဖြတ်မိသည့်နေ့တွင် ဆေးရုံသို့ရောက်သောအခါ အရေးပေါ်သွေးလိုအပ်သည့်အတွက် ရွှေ နှင့် သွေးအမျိုးအစားတူသည့် သရဖီ မှ လိုအပ်သည့်သွေးအား လှူခဲ့လေသည်။

ထိုအရာသည်ကား သူမတို့သူငယ်ချင်းငါးယောက်သာသိလေသည်။

လင်းယာ - "နင်တစ်ကယ်လိမ္မာသွားပြီပေါ့ သရဖီ"

သရဖီ - "ငါလိမ္မာချင်ပြီ လင်းယာ လရိပ်ချို ပြောသွားတာမှန်တယ် တစ်နေ့နေ့ကျရင် ငါချစ်တဲ့သူပေါ်လာမှာဘဲ အဲ့အခါကျ ငါ့အရင်ကအကြောင်းတွေသိသွားခဲ့လို့ ငါ့ကိုရွံသွားမှာမလိုလားဘူး"

ဟိန်းထက် - "နင်ချစ်တဲ့သူကိုတွေ့ပြီပေါ့"

သရဖီ - "အင်း ဟုတ်တယ် ငါအခုတွေ့ပြီ"

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now