Part 18 ( Z + U )

16.1K 737 25
                                    

Zawgyi

သရဖီ သည်ဆိုင်မှထွက်လာပြီး ကားပေါ်ရောက်သည်နှင့် ကားမှန်အား လက်သီးဖြင့် ထိုးလေသည်။

အန်တီက ဘာကြောင့် ရွှေသုန္ဒရီ ကို ဘေဘီလို့ခေါ်တာလဲ။ရွှေသုန္ဒရီက ဘာလို့ မာမီလို့ခေါ်သလဲ။ ဘာလို့နမ်းလိုက်တာလဲ။ဒါတောင်လူမြင်ကွင်းကြီးမှာ

လဲပေါင်းများစွာနှင့်သရဖီတစ်ယောက် တောက် ခေါက်နေမိသည်။

သရဖီ မကျေနပ်ပါ။သူမ ဘရဏီ ကို ချစ်နေတယ်ဆိုသည်မှာ ရွှေသုန္ဒရီ သိလေသည်။ သိရဲ့သားနဲ့ သိနေရဲ့နဲ့ ။

သူမ စုံစမ်းမည်။ သူမချစ်ရသော ဒေါ်မေဘရဏီ ကိုတော့ တစ်ခြားသူတစ်ယောက် ပိုင်ဆိုင်သွားမှာကို မလိုလား။

သရဖီ သူမ ကားအား အရှိန်ပြင်းစွာဖြင့် အိမ်ကို မောင်းနှင်လာလေသည်။

ခြံရှေ့ရောက်သည်နှင့်အဆက်မပြတ်တီးနေသော ဟွန်း သံကြောင့် ခြံထဲရှိ အလုပ်သမားများ ကပြာကလျာ ဖွင့်ပေးရသည်။

အိမ်ထဲဝင်လာသည်နှင့် ဖခင်ဖြစ်သူ ဦးကျော်သီဟ မှ လှမ်းခေါ်သည်။

"သမီး ဘာဖြစ်လာတာလဲ"

"ဒီလိုပါဘဲ ဒယ်ဒီ စိတ်ရှုပ်စရာလေးရှိလို့"

"ဒယ်ဒီ ပြောစရာရှိတယ် ခဏလာဦး"

"ဟုတ်ကဲ့"

"သမီးလဲ မကြာခင် ကျောင်းပြီးတော့မယ်ဆိုတော့ ဒယ်ဒီအလုပ်ကို လက်လွှဲယူရတော့မယ်နော်"

"သမီး သိပါတယ် ဒယ်ဒီ"

"ချက်ချင်းတော့ အလုပ်ဝင်စရာမလိုသေးပါဘူး လေ့လာဦးပေါ့ အလုပ်အကြောင်း နားလည်သဘောပေါက်ပြီ ဆိုတာနဲ့ သမီး ကို ဒယ်ဒီ ချက်ချင်းလွှဲပြောင်းပေးမှာပါ"

"ဟုတ်ကဲ့ ဒယ်ဒီ"

ဖခင်၏စကားအားအတန်ကြာအောင်တွေးနေတုန်း သရဖီ အကြံတစ်ခုရလေသည်။ လက်ဖြောက် တစ်ချက်တီးရင်း။

"ဒယ်ဒီ! ဒယ်ဒီခုနကပြောတယ်နော် အရင်လေ့လာဦးဆိုတာလေ သမီး သေသေချာချာ လေ့လာမှာပါ ဒါပေမယ့် ဒယ်ဒီ့ ကုမ္မဏီ မှာတော့ မဟုတ်ဘူး ဒေါ်မေဘရဏီ ဆီမှာ"

"ဟေ!!!"

ဦးကျော်သီဟ ခဏတာတွေဝေသွားသည် နောက်မှ သဘောပေါက်စွာဖြင့်

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now