Part 30 ( Z + U )

16.2K 688 36
                                    

Zawgyi

"အားးးး.....!!!!!
ဦးကျော်သီဟ!!!!!!
ခင်ဗျားကိုကျုပ်သတ်မယ်!!!
ခွေးမသားကြီး...!!!!"

လရောင်၏ အော်ဟစ်သံသည် အိမ်ကြီးတစ်ခုလုံး ဟိန်းထွက်သွားလေသည်။သူမ ဒီလောက်မပေါက်ကွဲခဲ့ဘူးပေ။ဒီလောက် ဒေါသကိုအမြင့်ဆုံးမတင်ခဲ့ဘူးပေ။

"ငယ်! စိတ်ကိုထိန်းပါနော် မ ကိုကြည့်ပါ မ မျက်နှာကိုသေချာကြည့်ပါဦး"

လရောင်၏မျက်ဝန်းတွေရဲတက်လို့လာသည်။ဒီလောက်ဆို သူမဘယ်လောက်ပေါက်ကွဲနေလဲ ဘရဏီ တို့ရိပ်မိလေသည်။

"မ အရမ်းကြောက်နေခဲ့မှာ ဒီကောင်မ အသုံးမကျတာ ဒီကောင်မကြီး အသုံးမကျတာပါ ဟင့်"

"ကိုယ့်ကိုကိုယ်အပြစ်မတင်နဲ့ လရောင် ပြီးခဲ့ပြီးပြီ အခု တို့တွေရှေ့ဆက်ဘယ်လိုလုပ်ကြမလဲ ဒီလူ့ကို ဘယ်လိုထောင်ထဲထည့်ရမလဲ ခေါင်းအေးအေးနဲ့စဉ်းစားရမယ် စိတ်လိုက်မာန်ပါလုပ်လို့မရဘူး မေလရောင်"

မကြာခင်ပေါက်ကွဲတော့မည့် လရောင် အား ဘရဏီ စကားလမ်းကြောင်းလွှဲလိုက်ရသည်။ မဟုတ်ရင် ဝုန်းဒိုင်းကြဲနေမှာ။

"ဟုတ်တယ် ညီမလေး အစ်မဏီ ပြောတာမှန်တယ် အစ်ကိုတို့ လေးယောက် တိုင်ပင်ကြတာပေါ့ ပြီးတော့ အဲ့ဒီလူက အခုဆို ဝန်ကြီးတစ်ယောက်ဖြစ်နေတာ မလွယ်ပေမယ့် အစ်ကိုတို့ စုပေါင်းတိုက်ရင် ဒီလူခုံမမြဲပါဘူး"

"မှန်တယ် ငယ် မ တို့အတူတူ တိုင်ပင်ကြမယ်နော် ပြီးခဲ့ပြီးပါပြီ ငယ် ရယ် စိတ်ကိုလျှော့လိုက်တော့နော်"

နွယ့် စကားကြောင့် လရောင် အသက်ပြင်းပြင်းရှုရှိုက်ကာ သက်ပြင်းချလိုက်လေသည်။စိတ်လျှော့သွားသည့်ဟန်။

"ဟုတ်ပါပြီ မ စကားကိုငယ်နားထောင်ပါ့မယ် ဒါပေမယ့် အဲ့ဒီခွေးကောင်ကိုတွေ့ရင် ငယ် သတ်မိမှာ အဲ့ဒါတော့..."

"ငယ် မ တို့ အတူတူရင်ဆိုင်ကြမယ် နော်"

ထိုနှစ်ယောက်၏ မျက်ဝန်းများတွင် သနားခြင်း။ကြင်နာခြင်း။ယုယခြင်း။အားနာခြင်း။နောင်တရခြင်း များစွာဖြင့်။

^^^
ဘရဏီ့ခြံရှေ့တွင် ဝတ်စုံအပြည့်ဖြင့် ဝတ်ဆင်ထားသည့် အမျိုးသားကြီးတစ်ဦးနှင့် ခြံထဲတွင် lollipop စုပ်ကာ ယာဘက်ခြေထောက်အား ဆောင့်နေသည့် ရွှေသုန္ဒရီ

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now