Part 40 ( Z + U )

14.8K 758 64
                                    

Zawgyi

ထိုစဉ် ခြံထဲသို့ မီးတန်းများဖြင့် နိုင်ငံတော်အထူးတပ်ဖွဲ့များ ရောက်ရှိလာကာ ခြံထဲရှိ ဦးကျော်သီဟ တပည့်များအား ဖမ်းဆီးလိုက်လေသည်။ ထိုအထဲမှ အထူးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူမှ

"ဦးကျော်သီဟ အေးဆေးအဖမ်းခံပါ နိုင်ငံတော်သမ္မတရဲ့
ပစ်မိန့်ပါ ပါတယ် ခုခံရင် ကျွန်တော်တို့ဘက်က ပစ်ခတ်ဖမ်းဆီးရပါမယ်"

ခြံထဲရှိ အထူးတပ်ဖွဲ့ဝင်များသည် ဦးကျော်သီဟ အား ပစ်ခတ်ဖမ်းဆီးရန် အသင့်အနေအထား ဖြင့် နေရာယူလေကြသည်။

"တောက်!! သရဖီ! ကောင်မ! အဓိကတရားခံနင့်ကြောင့်ဘဲ မွေးရကျိုးမနပ်တဲ့ကောင်မ"

ဦးကျော်သီဟ သည် နွယ့် ဦးခေါင်းအားချိန်းထားသည့် သေနတ်ကို သရဖီ့ ထံသို့ဦးတည်လိုက်လေသည်။ သရဖီ့ မျက်ဝန်းတစ်စုံသည် မှိတ်ချလိုက်လေသည်။ သူမ သိပ်ချစ်ရသည့် ဖခင်သည် သူမကို ပြန်သတ်တော့မည်။ ထိုအသိက သရဖီ့ ရင်ကိုနာကျင်စေသည်။

နွယ်သည် အလျှင်အမြန်ပင် သရဖီ့ ထံသို့ ချိန်ထားသည့် သေနတ်အား ဘေးသို့  ပုတ်ထုတ်လိုက်လေသည်။

~ ဒိုင်း ~

~ ခွမ်း! ~

ကျည်ဆံသည် သရဖီ့ ကိုမထိဘဲ ဘေးရှိပန်းအိုးသို့ပစ်မိသောကြောင့် ပန်းအိုးကွဲသွားလေသည်။

~ ဒိုင်း! ဒိုင်း! ဒိုင်း! ~

အထူးတပ်ဖွဲ့ဝင်များသည် ဦးကျော်သီဟ အားပစ်သေနတ်ဖြင့်စတင်ပစ်ခတ်လေတော့သည်။ အရှောင်ကောင်းသည့် ထိုသူသည် ဘယ်ဘက်လက်မောင်းအား ကျည်ဆံတစ်ထောင့် ရှုပ်ထိသွားလေသည်။

ဦးကျော်သီဟ လက်ထဲမှာ နွယ်သည် အလျှင်အမြန်ပင် လရောင်ထံသို့ပြေးထွက်လာလေသည်။ ပုတ်ထုတ်လိုက်သောကြောင့် ကျသွားသော သေနတ်အား ဦးကျော်သီဟသည် အလျှင်အမြန်ကောက်ကာ နွယ့် ၏ ကျောသို့တည့်တည့်ချိန်လိုက်သည်။

"မ!!!!"

"နွယ်!!!!"

"အန်တီ!!!!"

ဘရဏီ လရောင် နှင့် သရဖီ တို့သုံးဦးသား အော်သံ တစ်ပြိုင်နက်ထဲထွက်ပေါ်လာလေသည်။

မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)Where stories live. Discover now